朱蕾

ရှီကျင့်ဖိန်သည် ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နှင့် တယ်လီဖုန်း ဆက်သွယ်

(GMT+08:00)2022-03-26 12:37:02  

  မတ်လ ၂၅ ရက်နေ့ ညနေပိုင်းက တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်  ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နှင့် တယ်လီဖုန်း ဆက်သွယ်ခဲ့သည်။

  ရှီကျင့်ဖိန်က လွန်ခဲ့သည့် ရာစုနှစ်ဝက်အတွင်း တရုတ်-ဗြိတိန် ဆက်ဆံရေးတွင် အတက်အကျရှိနေသော်လည်း ခြုံပြီးကြည့်လျှင် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက် နေဆဲဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရာသီဥတုပြောင်းလဲမှုတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး လူသားတို့၏ ဘုံစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အပြုသဘောဆောင်သော အကျိုးပြု စွမ်းဆောင်မှုများ ပြုလုပ်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

  နှစ်နိုင်ငံခေါင်းဆောင်များသည် ယူကရိန်းအခြေအနေနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ရှီကျင့်ဖိန်က တရုတ်ရပ်တည်ချက်ကို ဖော်ပြပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကျင်းပရန် အမှန်တကယ် တွန်းအားပေးကာ ယူကရိန်းအရေးကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းဖို့ အခြေအနေ ဖန်တီးပေးသင့်သည်ဟု ပြောကြားခဲ့ပါသည်။