辛甜

ယူကရိန်း တင်သွင်းသည့် လူသားချင်းစာနာထောက်ထားမှု ရေးရာ ဆုံးဖြတ်ချက်ကို ကုလ အတည်ပြု

(GMT+08:00)2022-03-25 11:08:11  

ယူကရိန်း တင်သွင်းသည့် လူသားချင်းစာနာထောက်ထားမှု ရေးရာ ဆုံးဖြတ်ချက်ကို ကုလ အတည်ပြု_fororder_联合国通过决议

မတ်လ ၂၄ ရက်နေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ၁၁ ကြိမ်မြောက် အရေးပေါ် အထူးအစည်းအဝေး၏ ဒုတိယ အကြိမ် အစည်းအဝေးတွင် ယူကရိန်း တင်သွင်းသည့် ယူကရိန်း လူသားချင်းစာနာထောက်ထားမှု ရေးရာ ဆုံးဖြတ်ချက်ကို မဲခွဲ အတည်ပြုခဲ့သည်။

ထောက်ခံမဲ ၁၄၀မဲ၊ ကြားနေမဲ ၃၈ မဲ၊ ကန့်ကွက်မဲ ၅ မဲ ရှိပြီး ရုရှား၊ ဘီလာရုစ်၊ မြောက်ကိုရီးယား၊ ဆီးရီးယားနှင့် အီရီထရီးယားတို့က ကန့်ကွက်မဲပေးခဲ့ကြသည်။ တရုတ်နိုင်ငံသည် ကြားနေမဲ ပေးခဲ့သည်။