辛甜

ယူကရိန်းအရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံမှ သက်ဆိုင်ရာအကြောင်းကို ကြိုတင်သိရှိပြီး ခပ်မဆိတ်နေ၍ ခွင့်ပြုခြင်း၊ လက်လွတ်စပယ်ပြုခြင်းဟူသော ပြောဆိုချက်ကို သတင်း အတုပင် ဖြစ်သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-03-25 10:48:15  

ယူကရိန်းအရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံမှ သက်ဆိုင်ရာအကြောင်းကို ကြိုတင်သိရှိပြီး ခပ်မဆိတ်နေ၍ ခွင့်ပြုခြင်း၊ လက်လွတ်စပယ်ပြုခြင်းဟူသော ပြောဆိုချက်ကို သတင်း အတုပင် ဖြစ်သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ဆို_fororder_微信图片_20220325103459

မတ်လ ၂၄ ရက်နေ့က တရုတ်ကာကွယ်ရေးဝန်ကြီးဌာန သတင်းရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အထက်တန်း ဗိုလ်မှူးကြီး ဦးချမ်းက ယူကရိန်းအခြေအနေနှင့်ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံမှ သက်ဆိုင်ရာအကြောင်းကို ကြိုတင်သိရှိပြီး ခပ်မဆိတ်နေ၍ ခွင့်ပြုခြင်း၊ လက်လွတ်စပယ်ပြုခြင်းဟူသော ပြောဆိုချက်သည် သတင်း အတုပင်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ အပြစ်ကင်းအောင်လွှဲဖယ်ပြီး တရုတ်နိုင်ငံကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုရန်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းနှင့်ပတ်သက်၍ မကျေမနပ် ဖြစ်ပြီး ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း ပြောကြားခဲ့ပါသည်။

အထက်တန်းဗိုလ်မှူးကြီး ဦးချမ်း က တရုတ်နိုင်ငံ၏လုပ်ရပ်မှာ အမေရိကန်နိုင်ငံမှ အကျပ်အတည်းကို ဖန်တီးပြီး အကျပ်အတည်းကို အပြစ်လွှဲချကာ အကျပ်အတည်းမှ အကျိုးရရှိရန် လုပ်ရပ်နှင့် လုံးဝ မတူညီကြောင်း၊ မိမိတို့အနေဖြင့် ဘက်အသီးသီးတို့အား ဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြီး တင်းမာသောအခြေအနေကို အလျင်အမြန် လျော့ပါး စေကာ ငြိမ်းချမ်းရေးကို ရှာကြံပြီး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရန် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။