令狐少萍

တရုတ်-ထိုင်းချစ်ကြည်မှုပူးပေါင်းဆောင်ရွက်ရေးသင်္ဘောသည် လေနှင့်လှိုင်းကိုဖြတ်ကျော်ပြီးရှေ့သို့ ဆက်တိုက်ချီတက်သွားမည်ဟု ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ဆို

(GMT+08:00)2022-03-24 16:46:15  

တရုတ်-ထိုင်းချစ်ကြည်မှုပူးပေါင်းဆောင်ရွက်ရေးသင်္ဘောသည် လေနှင့်လှိုင်းကိုဖြတ်ကျော်ပြီးရှေ့သို့ ဆက်တိုက်ချီတက်သွားမည်ဟု ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ဆို_fororder___172.100.100.3_temp_9500033_1_9500033_1_1_54a6b506-05ad-43e3-93d8-81babd114baf(1)

ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးဟန်ကျိချန်သည် မကြာမီကစတုတ္ထ အကြိမ်  “ထိုင်းသတင်းထောက်များတရုတ်နိုင်ငံကိုရှုမြင်ခြင်း”လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပြီး မိန့်ခွန်း ပြောကြားခဲ့ရာ ခေတ်သစ် တရုတ်ဖွံ့ဖြိုးရေးအောင်မြင်မှုများကို ဘက်စုံမိတ်ဆက် ရှင်းလင်း၍ တရုတ်-ထိုင်း ဆက်ဆံမှု တိုးတက်ရေးအလားအလာကို မျှော်မှန်းခဲ့ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ရုရှား-ယူကရိန်းအငြင်းပွါးမှုအပေါ် တရုတ်ပြည်ဘက်၏ ရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ တရုတ်-ထိုင်း ဆက်ဆံရေးနှင့် ပတ်သက်ပြီး သံအမတ်ကြီးက နိုင်ငံတကာ အခြေအနေ မည်သို့ပင်ပြောင်းလဲပြောင်းလဲ တရုတ်-ထိုင်းချစ်ကြည်မှုပူးပေါင်းဆောင်ရွက်ရေးသင်္ဘောသည် လေနှင့်လှိုင်းကိုဖြတ်ကျော်ပြီးရှေ့သို့ ဆက်တိုက်ချီတက်သွားမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်ဟုChian Media Groupမှ သတင်းအရသိရပါသည်။