邹立莹

ယခုနှစ်သည် အမျိုးအစားသစ် နိုင်ငံတကာဆက်ဆံရေး သဘောတရား တင်ပြခဲ့သည့် ၉ နှစ်ပြည့် ဖြစ်သည်

(GMT+08:00)2022-03-23 11:49:40  

ယခုနှစ်သည် အမျိုးအစားသစ် နိုင်ငံတကာဆက်ဆံရေး သဘောတရား တင်ပြခဲ့သည့် ၉ နှစ်ပြည့် ဖြစ်သည်_fororder_VCG41573117703

လွန်ခဲ့သည့် ၉ နှစ်တုန်းက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မော်စကို နိုင်ငံတကာ ဆက်ဆံရေး ကောလိပ်ကျောင်းမှာ မိန့်ခွန်း ပြောကြားရာတွင်၊ နိုင်ငံ အသီးသီးတို့ အနေနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို အမြုတေ အဖြစ်ထားသည့် အမျိုးအစားသစ် နိုင်ငံတကာ ဆက်မံမှုကို လက်တွဲ တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းသည် အမျိုးအစားသစ် နိုင်ငံတကာဆက်ဆံရေး သဘောတရားကို ပထမဆုံးအကြိမ် တင်ပြခဲ့ခြင်း ဖြစ်ပါသည်။

၂၀၁၅ ခုနှစ်က ၇၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ရှီကျင့်ဖိန်က အပြန်အလှန် အကျိုးရှိစေရေး မိတ်ဖက်သစ်များကို စုစည်းပြီး လူသား ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ထောင်ခြင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားပြီး၊ ပထမဆုံးအကြိမ် ကုလသမဂ္ဂ ဌာနချုပ်တွင် အပြန်အလှန် အကျိုးရှိစေရေးကို အမြုတေ အဖြစ်ထားသော အမျိုးအစားသစ် နိုင်ငံတကာ ဆက်ဆံမှု အတွေးအခေါ် သဘောတရားကို ဘက်စုံ ရှင်းလင်းဖေါ်ပြခဲ့ပါသည်။

   တရုတ် နိုင်ငံတကာရေးရာ တံခွန်အသင်း နိုင်ငံတကာ မဟာဗျူဟာ သုတေသနဌာနမှ သုတေသီ ကျမ်းဝေဝေက၊ အပြန်အလှန် လေးစားရေး၊ တရားမျှတရေးနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်း ဆောင်ရွက်မှုများကို ပေါင်းစပ် တိုးမြှင့်ခြင်းသည် မကြာမီက ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အမျိုးအစားသစ် နိုင်ငံတကာ ဆက်ဆံမှုဆိုင်ရာ ရှင်းလင်းဖေါ်ပြခြင်း ဖြစ်ပြီး၊ နိုင်ငံအသီးသီးတို့က ခေတ်သစ်တွင် နိုင်ငံချင်း ဆက်ဆံမှုနှင့် ပတ်သက်၍ လမ်းပြ ပေးခဲ့သည်ဟု သုံးသပ်ပြောဆိုပါသည်။