邹立莹

လူ့အခွင့်အရေးချိုးဖောက်မှုကို အကြောင်းပြုပြီး တရုတ်အစိုးရဝန်ထမ်းများအား ဒဏ်ခတ်အရေးယူရန် ကန်၏ ကြံစည်မှုကို တရုတ်ပြည်က တုံ့ပြန်ဆောင်ရွက်မည်

(GMT+08:00)2022-03-23 11:39:42  

လူ့အခွင့်အရေးချိုးဖောက်မှုကို အကြောင်းပြုပြီး တရုတ်အစိုးရဝန်ထမ်းများအား ဒဏ်ခတ်အရေးယူရန် ကန်၏ ကြံစည်မှုကို တရုတ်ပြည်က တုံ့ပြန်ဆောင်ရွက်မည်_fororder_VCG41573117703

လူ့အခွင့်အရေးချိုးဖောက်မှုကို အကြောင်းပြုပြီး တရုတ်အစိုးရဝန်ထမ်းများအား ဒဏ်ခတ် အရေးယူရန် အမေရိကန်နိုင်ငံ၏ ကြံစည်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယမန်နေ့ ၂၂ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်ပြည်၏ လူ့အခွင့်အရေးအခြေအနေကို ဆင်ခြင်ပြီး တရားမျှတသော သဘောထားရန်၊ တရုတ်ပြည်အား သရုပ်ပျက်အောင် တမင်သက်သက်လုပ်ဆောင်ခြင်းကို ရပ်တန့်ရန်၊ တရုတ်အစိုးရ ဝန်ထမ်းများအား ဒဏ်ခတ်အရေးယူမှုများကို ချက်ချင်း အဆုံးသတ်ရန် တိုက်တွန်းကြောင်း၊ သို့မဟုတ်လျှင် တရုတ်ပြည်က တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ၂၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး တရုတ် ပြည်တွင်းပြည်ပမှရော၊ အမေရိကန်ပြည်တွင်းမှပါ တိုင်းရင်းသားလူမျိုးစုများ၊ ဘာသာရေးအဖွဲ့များ၊ အတိုက်အခံပုဂ္ဂိုလ်များအား ဖိနှိပ်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်သည့် တရုတ် အစိုးရ ဝန်ထမ်း များအပေါ် ဗီဇာကန့်သတ်ချက်ကို ကျင့်သုံးမည်ဟု ဖော်ပြပါသည်။