邹立莹

ကန်က ရှင်းကျန်းရေးရာ မုသားစကားထပ်လောင်းကြံစည်ပြုလုပ်၊ ကိုယ်တိုင်ဖျားနာမှုကို မကုသဘဲ၊ သူများတကာအရေးအပေါ် တို့မီးရှို့မီးမလုပ်သင့်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောကြား

(GMT+08:00)2022-03-23 11:43:39  

ယခုလ ၂၂ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken က ရှင်းကျန်းရေးရာ မုသားစကားကြံစည်ပြုလုပ်ခြင်းအပေါ် ချေပခဲ့ရာ၌ အမေရိကန် အနေနှင့် ၎င်း၏ကိုယ်တိုင် ရေရှည်လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများကို မှန်ကန်စွာ ရင်ဆိုင် ဖြေရှင်းရန်၊ ကိုယ်တိုင်ဖျားနာမှု မကုသဘဲ၊ သူများတကာအရေးအပေါ် တို့မီးရှို့မီး မလုပ်ရန်နှင့် လူ့အခွင့်အရေးအမည်ဖြင့် အခြားနိုင်ငံ၏ လူ့အခွင့်အရေးကို မဖျက်ဆီးရန် တိုက်တွန်းနှိုးဆော်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။