邹立莹

ယူကရိန်းသို့ တပ်ဖွဲ့ စေလွှတ်မည်မဟုတ်ဟု အမေရိကန်နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြား

(GMT+08:00)2022-03-23 11:54:03  

ယူကရိန်းသို့ တပ်ဖွဲ့ စေလွှတ်မည်မဟုတ်ဟု အမေရိကန်နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြား_fororder_VCG111374544338

ဒေသစံတော်ချိန် ၂၂ ရက်နေ့တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ခိုဘီက အမေရိကန် Fox TV နှင့် တွေ့ဆုံမေးမြန်းရာတွင် အမေရိကန် သည် ယူကရိန်းတွင် တိုက်ခိုက်ရန် တပ်ဖွဲ့ စေလွှတ်မည်မဟုတ်ကြောင်း ထပ်လောင်းအလေးပေး ပြောကြားခဲ့သည်။

ခိုဘီက အမေရိကန်သည် ကိစ္စနှစ်ခုကိုသာ အာရုံစိုက်ကြောင်း၊ ပထမကိစ္စမှာ ယူကရိန်းသည် အမြဲတမ်းလုပ်ဆောင်ခဲ့သည့်အတိုင်း ၎င်း၏နိုင်ငံကို ဆက်လက် ကာကွယ်ရန် အာမခံပေးမည်ဖြစ်ကြောင်း၊ ဒုတိယကိစ္စမှာ အမေရိကန်သည် နေတိုး၏ အရှေ့ဘက်ခြမ်းကို လုံခြုံစေရန်အတွက် ဥရောပသို့ နေ့စဉ်ထောက်ပံ့ရေးပစ္စည်းများ ပေးပို့နေပြီး တစ်ချိန်တည်းတွင် နေတိုးနယ်မြေ၏လက်မတိုင်းကို ကာကွယ်ရန် အမေရိကန်၏ ကတိကဝတ်ဖြစ်သည်ဆိုခြင်းကို နေတိုးအဖွဲ့ဝင်များအား သိရှိရန် အာမခံ ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ခိုဘီက အကယ်၍ တိုက်လေယာဉ်ပါရှိသော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု ဥပမာ  ပိုလန် သို့မဟုတ် တခြားနိုင်ငံများသည် ယူကရိန်းကို တိုက်လေယာဉ်များ ပေးချင်လျှင် အမေရိကန်က ဟန့်တားရန် ကြိုးစားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။