တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ၀မ်ဝင်ပင်က တရုတ်အစိုးရသည် ယူကရိန်းအား ယွမ်ငွေ ၁၀ သန်းတန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ထပ်တိုးပေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ၄င်းသည် အခြေအနေနှင့် အမှန်တကယ် လိုအပ်ချက်များအရ ယူကရိန်းကို တရုတ်နိုင်ငံ၏ လူသားချင်း စာနာ ထောက်ထားမှု အကူအညီသစ် ထပ်တိုးပေးခြင်းဖြစ်ကြောင်း ၂၁ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။