邹立莹

အာဖဂန်အရပ်ဘက်အဖွဲ့အစည်းများသည် စုဝေးပွဲကျင်းပပြီး အာဖဂန်ပိုင်ဆိုင်မှုများကို ပြန်ပေးရန်တောင်းဆို

(GMT+08:00)2022-03-21 13:31:09  

အာဖဂန်အရပ်ဘက်အဖွဲ့အစည်းများသည် စုဝေးပွဲကျင်းပပြီး အာဖဂန်ပိုင်ဆိုင်မှုများကို ပြန်ပေးရန်တောင်းဆို_fororder_微信图片_20220321131204

အာဖဂန်အရပ်ဘက်အဖွဲ့အစည်းများသည် စုဝေးပွဲကျင်းပပြီး အာဖဂန်ပိုင်ဆိုင်မှုများကို ပြန်ပေးရန်တောင်းဆို_fororder_微信图片_20220321131212

အာဖဂန်အရပ်ဘက်အဖွဲ့အစည်းများသည် စုဝေးပွဲကျင်းပပြီး အာဖဂန်ပိုင်ဆိုင်မှုများကို ပြန်ပေးရန်တောင်းဆို_fororder_微信图片_20220321131215

ဒေသစံတော်ချိန် ၂၀ ရက်နေ့တွင် အာဖဂန်ရှိ အရပ်ဘက်အဖွဲ့အစည်း အများအပြားမှ ကိုယ်စားလှယ်များသည် စုဝေးပွဲကို ကျင်းပပြီး  စုဝေးပွဲပါဝင်သူများသည် အမေရိကန်အား ၎င်းတို့ချိတ်ပိတ်ထားသော အာဖဂန်ပိုင်ဆိုင်မှုများကို ပြန်လည် ပေးအပ်ရန် တောင်းဆိုကာ အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာအမျိုးမျိုး၏ အစပြုသူ ဖြစ်သည်ဟုလည်း ပြစ်တင်ခဲ့ကြပါသည်။

ထိုနေ့ စုဝေးပွဲ၌ အာဖဂန်အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှတာဝန်ရှိသူက အမေရိကန် သမ္မတ ဘိုင်ဒန်ထံ စာတစ်စောင်ကို ဖတ်ကြားခဲ့သည်။ အမေရိကန်က စတင်ပြုလုပ်ခဲ့သော အာဖဂန်စစ်ပွဲသည် အာဖဂန်ပြည်သူများအတွက် အပြင်းအထန် အကြပ်ရိုက်ခဲ့ပြီး ယခုအခါ အာဖဂန်သည် နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးအတွက် ငွေကြေး အရေးတကြီး လိုအပ်နေကြောင်း၊ သို့သော် အမေရိကန်က အာဖဂန်ဗဟိုဘဏ်၏ အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ထားသည့်အတွက် အာဖဂန်ပြည်သူများ၏ ဘဝများကို ပိုမိုဆိုးရွားစေကြောင်း စာထဲတွင် ရေးသားဖေါ်ပြထားပါသည်။