邹立莹

ဆာဗီးယားနိုင်ငံ ပိုရာဂါ- တူဂါ ပိုလီယာနာ အမြန်လမ်း စတင်တည်ဆောက်

(GMT+08:00)2022-03-21 13:32:01  

ဆာဗီးယားနိုင်ငံ ပိုရာဂါ- တူဂါ ပိုလီယာနာ အမြန်လမ်း စတင်တည်ဆောက်_fororder_VCG31N522037316

ဒေသစံတော်ချိန် မတ်လ ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းကုမ္ပဏီအုပ်စုမှ ကားလမ်းနှင့် တံတားဆောက်လုပ်ရေးကုမ္ပဏီ လီမိတက် CRBC မှ တာဝန်ခံ တည်ဆောက်မည့် E763 အမြန်လမ်း၏ ပိုရာဂါ- တူဂါ ပိုလီယာနာ အပိုင်း စတင် ဆောက်လုပ်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဆာဗီးယားနိုင်ငံ တောင်ပိုင်းရှိ ရှေနီချာမြို့တွင် ကျင်းပခဲ့ပါသည်။

ဆာဗီးယားနိုင်ငံ သမ္မတ ဝူချစ်ခ်ျက ပိုရာဂါ- တူဂါ ပိုလီယာနာ အမြန်လမ်းသည် ဆာဗီးယားနိုင်ငံ တောင်ပိုင်းဒေသတွင် အတိုင်းအတာအကြီးမားဆုံး အခြေခံ အဆောက်အဦ စီမံကိန်းဖြစ်ပြီး တည်ဆောက်ရန် အလွန်ခက်ခဲသောကြောင့် လူအများက ဤအမြန်လမ်းကို ဖောက်လုပ်ရခက်သည်ဟု ယူဆပါကြောင်း၊ သို့သော် ယခုအခါ ဆာဗီးယားနိုင်ငံပြည်သူများ၏ နှစ်ပေါင်းများစွာ အိပ်မက်ကို လက်တွေ့ဖော်ဆောင် တော့မည်ဖြစ်ပြီး ပြည်သူများ၏ နေထိုင်မှုဘ၀ကို အပြုသဘောဆောင်သော ပြောင်းလဲမှုများ ဖြစ်စေကာ ဒေသတွင်းစီးပွားရေး နာလန်ပြန်ထူနိုင်လိမ့်မည်ဖြစ်ကြောင်း၊ ဆာဗီးယားနိုင်ငံ၏ သံမဏိလို ခင်မင်သော မိတ်ဆွေ တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံ ကုမ္ပဏီ၏ အကျိုးပြုစွမ်းဆောင်ပေးမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

E763 အမြန်လမ်း၏ ပိုရာဂါ- တူဂါ ပိုလီယာနာ အပိုင်းသည် ၇၅ ကီလိုမီတာ ရှည်လျားပြီး ၄င်းအနက် ၅၁ ကီလိုမီတာသည် တံတားနှင့် လိုဏ်ခေါင်များ ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။