邹立莹

ရုရှားစစ်တပ်သည် ယူကရိန်းအမျိုးသားဝါဒီများကို သတ်မှတ်ထားသောအချိန်အတွင်း Mariupol မှ ထွက်ခွာခွင့်ပြုမည်

(GMT+08:00)2022-03-21 10:46:17  

ရုရှားစစ်တပ်သည် ယူကရိန်းအမျိုးသားဝါဒီများကို သတ်မှတ်ထားသောအချိန်အတွင်း Mariupol မှ ထွက်ခွာခွင့်ပြုမည်_fororder_VCG111374098576

ရုရှားစစ်တပ်သည် ယူကရိန်းအမျိုးသားဝါဒီများကို သတ်မှတ်ထားသောအချိန်အတွင်း Mariupol မှ ထွက်ခွာခွင့်ပြုမည်_fororder_VCG111374099982

ရုရှားနိုင်ငံ ကာကွယ်ရေးထိန်းချုပ်မှုစင်တာ အကြီးအကဲ Mikhail Mizintsev က ဒေသစံတော်ချိန် မတ်လ ၂၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရုရှားစစ်တပ်သည် မော်စကိုစံတော်ချိန် မတ်လ ၂၁ ရက်နေ့ ၁၀ နာရီမှစ၍ Mariupol မှ အရှေ့အနောက်သို့ လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ယူကရိန်း အမျိုးသားဝါဒီများကို မော်စကိုစံတော်ချိန် မတ်လ ၂၁ ရက်နေ့ ၁၀ နာရီမှ ၁၂ နာရီအတွင်း Mariupol မှ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း၊ သို့သော်လည်း မည်သည့်လက်နက်မျှ ယူဆောင်ခြင်းမပြုရကြောင်း ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းအမျိုးသားဝါဒီများကို လက်နက်ချ၍ Mariupol မှ Kiev ထိန်းချုပ်နယ်မြေသို့ ထွက်ခွာရန် တိုက်တွန်းပြီး ၎င်းတို့၏ အသက်လုံခြုံရေးကို အာမခံချက်ပေးမည် ဖြစ်သည်။