宋冉

အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျတို့ ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကျူးလွန်ခြင်းဆိုင်ရာ ဗီဒီယိုအစည်းအဝေး ကျင်းပ

(GMT+08:00)2022-03-19 12:29:56  

ဒေသစံတော်ချိန် မတ်လ ၁၈ ရက်နေ့၊ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၉ ကြိမ်မြောက် အစည်းအဝေး ကျင်းပသည့်ကာလအတွင်း တရုတ်နိုင်ငံနှင့် ဗင်နီဇွဲလားနိုင်ငံတို့သည် ဂျီနီဗာတွင် “အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျတို့ ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကျူးလွန်ခြင်း" ဆောင်ပုဒ် ဖြစ်သည့် ဗီဒီယိုအစည်းအဝေးကို ပူးတွဲကျင်းပခဲ့ပါသည်။ ဂျီနီဗာရှိ သံတမန်အရာရှိများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် မီဒီယာပုဂ္ဂိုလ်များ အပါအဝင် လူ ၁၅၀ ကျော်သည် အစည်းအဝေးသို့ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြပါသည်။

ဂျီနီဗာရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့မှ သံမှူးကြီး ကျန်တွမ်းက အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျတို့သည် ၎င်းတို့၏ မှားယွင်းမှုများကို သံဝေဂ ရပြီး ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကျူးလွန်မှုများကို စုံစမ်းစစ်ဆေး အရေးယူသင့်သည်ဟု ပြောကြားခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် အမေရိကန်က အင်ဒီယန်လူမျိုးကို လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ မှတ်တမ်းတင်ကားကိုလည်း ပြသခဲ့ပါသည်။