တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၈ ရက်နေ့ညက ဖိတ်ကြားချက်အရ အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် ဗီဒီယိုဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။
ဘိုင်ဒန်က အမေရိကန်သည် တရုတ်နိုင်ငံနှင့် “စစ်အေးတိုက်ပွဲသစ်”ပြုလုပ်ရန် မရှာကြံပါကြောင်း၊ တရုတ်နိုင်ငံ၏ စနစ်ကို ပြောင်လဲရန် မရှာကြံပါကြောင်း၊ မဟာမိတ်များနှင့် ဆက်ဆံရေးကို အားဖြည့်ခြင်းဖြင့် တရုတ်နိုင်ငံကို ဆန့်ကျင်ရန် မရှာကြံပါကြောင်း၊ ထိုင်ဝမ် သီးခြားတည်ရှိရေးကို မထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့် ပဋိပက္ခ မဖြစ်ချင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံတို့သည် ယခင်နှင့် ယခုအချိန်တွင် သဘောကွဲလွဲမှုများ ရှိပြီး အနာဂတ်တွင်လည်း သဘောကွဲလွဲမှုများ ရှိမည်ဖြစ်ကြောင်း၊ သော့ချက်မှာ သဘောကွဲလွဲမှုများကို ကောင်းမွန်စွာ ထိန်းချုပ်ရခြင်း ဖြစ်ကြောင်း၊ တည်ငြိမ်စွာ တိုးတက်သော တရုတ်နှင့် အမေရိကန် ဆက်ဆံရေးသည် နှစ်ဖက်စလုံးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။
နှစ်ဦးနှစ်ဖက်တို့သည် မျက်မှောက် ယူကရိန်းအခြေအနေနှင့်ပတ်သက်ပြီးဆွေးနွေးကြပါသည်။
ရှီကျင့်ဖိန်က ဘက်အသီးသီးတို့သည် ရုရှားနှင့် ယူကရိန်းတို့ ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိရန် အတူထောက်ခံသင့်ကြောင်းပြောကြားခဲ့ပါသည်။