ဒေသစံတော်ချိန် မတ်လ ၁၇ ရက်နေ့မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ ထောက်ပံ့ကူညီရေး စီမံကိန်း အဖျက်ပစ် ခံခဲ့ရခြင်းကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်က အကြိမ်ကြိမ် မေးမြန်းခဲ့တာကြောင့် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ပေလိုစီက ဒေါသထွက်မိခဲ့ပါတယ်။ အဲဒီကိစ္စဟာ အောက်ပါ ဖြစ်ရပ်ကို ကမ္ဘာကြီးကို နောက်ထပ် တစ်ကြိမ် ပြသခဲ့တယ်၊ အဲဒါကတော့ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော စူပါပါဝါနိုင်ငံကြီး ဖြစ်တဲ့ အမေရိကန်မှာ နိုင်ငံရေးဆိုင်ရာ ကိုယ်ကျိုးစီးပွားဟာ ပြည်သူ့အသက် အထက်မှာ ရှိနေခြင်းနဲ့ လူ့အခွင့်အရေးကို အမြဲ အော်ဟစ်နေတဲ့ အမေရိကန် နိုင်ငံရေး သမားတို့က ရိုးရိုးသာမန် ပြည်သူများရဲ့ အသက်ရှင် နေထိုင်ခွင့်ကို လျစ်လျူရှု နင်းချေနေခြင်း ဖြစ်ပါတယ်။
အမေရိကန်ရဲ့ နှစ်နှစ်တာ ကူးစက်ရောဂါ တိုက်ဖျက်ရေးဖြစ်စဉ်ဟာ တစ်လျှောက်လုံး ဆိုသလို နိုင်ငံရေး ပြန်ပေးဆွဲမှု ခံထားခဲ့တယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး အတင်းအဓမ္မ ထိုးတာ မထိုးတာနဲ့ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ငွေကြေးများ ခွဲဝေတာ အပါအဝင် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ ဆုံးဖြတ်ချက် အားလုံးလိုလို နိုင်ငံရေးဆိုင်ရာ အတိုက်အခံများနဲ့ ဆက်စပ်ထားပါတယ်။
ကူးစက်ရောဂါ ဖြစ်ပွားနေချိန်မှာ အမေရိကန်မှာ ငွေကြေး ဖောင်းပွမှု ဆက်တိုက် ဆိုးရွားလာပြီး တစ်ချိန်တည်းမှာ ဆင်းရဲ ချမ်းသာ ကွာဟမှုလည်း ပြင်းထန်လာပါတယ်။ တစ်ဖက်မှာ အောက်ခြေခံ အရပ်သူအရပ်သားများက စားဝတ်နေရေးအတွက် စိုးရိမ် နေပြီး တစ်ဖက်မှာ စူပါ သူဌေးကြီးများရဲ့ ငွေဓနများ အဆပေါင်းများစွာ တိုးလာပါတယ်။
နိုင်ငံရေးဆိုင်ရာ ကိုယ်ကျိုးစီးပွားဖက်နေကြတဲ့၊ ပါတီချင်း တိုက်ခိုက်မှုများမှာ နစ်မြုပ်နေတဲ့၊ ပြည်သူလူထုများရဲ့ လူ့အခွင့်အရေးတွေကို လျစ်လျူရှုတဲ့ အမေရိကန် နိုင်ငံရေးသမားတို့ရဲ့ လုပ်ရပ်တွေဟာ အမေရိကန်ရဲ့ ကူးစက်ရောဂါ ထိန်းချုပ်မှု ရှုံးနိမ့်တဲ့ လမ်းပေါ်မှာ ထပ်ခါတလဲလဲ မှားယွင်းမှုတွေ ဖြစ်စေနေတယ်လို့ China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာရေးသားဖေါ်ပြထားပါတယ်။