朱蕾

ယူကရိန်းအကျပ်အတည်းဖြေရှင်းရန် အမေရိကန်နှင့် နေတိုးတို့မှ သော့ချက်ကိုင်ထား ကြသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2022-03-18 14:01:40  

ယူကရိန်းအကျပ်အတည်းဖြေရှင်းရန် အမေရိကန်နှင့် နေတိုးတို့မှ သော့ချက်ကိုင်ထား ကြသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောကြား_fororder_微信图片_20220318133142

ရုရှား၏ စစ်ရေးဆောင်ရွက်မှုများကို တရုတ်ပြည်မှ ရှုတ်ချခြင်း မရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken ၏ မကြာမီကစွပ်စွဲချက်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်၏ သက်ဆိုင်ရာ အပြောအဆိုသည် တရုတ်ပြည်ကို သရုပ်ဖျက်ခြင်းဖြစ်ပြီး၊ အမေရိကန်၏ စစ်အေးခေတ်နှင့် အုပ်စု ထိပ်တိုက်ရင်ဆိုင်မှု အတွေးအခေါ်များကို အပြည့်အဝ ပေါ်လွင်စေခဲ့ကြောင်း၊ ယင်းအပြောအဆိုမျိုးသည် ပြဿနာဖြေရှင်းရေးအတွက် အထောက်အကူ လုံးဝ မပြုဘဲ တရုတ်ပြည်က ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊  ယူကရိန်းအကျပ်အတည်း ဖြေရှင်းရန် အဓိကသော့ချက်သည် အမေရိကန်နှင့် နေတိုးတို့ လက်ထဲတွင်ရှိခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။