ဒေသစံတော်ချိန် မတ်လ ၁၈ ရက်နေ့က ကုလသမဂ္ဂဆိုင်ရာ ရုရှား အမြဲတမ်းကိုယ်စားလှယ် Nebenzya သည် ယူကရိန်းပြဿနာနှင့်ပတ်သက်၍ သဘောထားများကို ထုတ်ပြန်ခဲ့ပါသည်။
Nebenzyaက အမေရိကန်မှ ယူကရိန်းအား စစ်ရေးထောက်ပံ့မှု ပေးပို့ခြင်းသည် မီးလောင်ရာ ဓါတ်ဆီဖျန်းသလို ဖြစ်ကြောင်း၊ ယူကရိန်း၌ အမေရိကန် ဇီဝ စမ်းသပ်ခန်းထားရှိမှုနှင့်ပတ်သက်၍ ရုရှားနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား ၁၈ ရက်နေ့တွင် အရေးပေါ်အစည်းအဝေး ကျင်းပရန် တောင်းဆိုပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။