朱蕾

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် ဒေသဆိုင်ရာ လုံခြုံမှုနှင့် တည်ငြိမ်မှု ထိန်းသိမ်း ကာကွယ်ရာ၌ ပိုမို တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်သင့်ဟု ဝမ်ယိ ဆို

(GMT+08:00)2022-03-18 12:18:15  

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် ဒေသဆိုင်ရာ လုံခြုံမှုနှင့် တည်ငြိမ်မှု ထိန်းသိမ်း ကာကွယ်ရာ၌ ပိုမို တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်သင့်ဟု ဝမ်ယိ ဆို_fororder_微信图片_20220318113150

တရုတ်နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်  ယခုလ ၁၇ ရက်နေ့က ပီကင်းတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် ကျန်းမင်နှင့် တွေ့ဆုံခဲ့ရာ၌ ယူကရိန်းအကျပ်အတည်းမှ ဂယက်ရိုက်ခတ်မှုများနှင့် ရင်ဆိုင်ရာတွင် ဧရိယာ အကျယ်အဝန်း အကြီးမားဆုံးနှင့် လူဦးရေ အများပြားဆုံး နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အနေနှင့် ဒေသဆိုင်ရာ၊ သို့မဟုတ် ကမ္ဘာ့လုံခြုံမှုနှင့် တည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေးတွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ယိက လက်ရှိအချိန်တွင် ကမ္ဘာသည် မတည်မငြိမ် ပြောင်းလဲနေသော ကာလတွင် ဝင်ရောက်နေပြီဖြစ်ပြီး၊ လူ့ဘောင်အဖွဲ့အစည်းရင်ဆိုင်နေရသော လုံခြုံမှုနှင့် ဖွံ့ဖြိုးမှု ပတ်ဝန်းကျင်မှာ ရှုပ်ထွေးကြမ်းတမ်းကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။