朱蕾

ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် အမေရိကန်နိုင်ငံသည် ပြင်းထန်သော မှားယွင်းချက် ၂ခုရှိသည်ဟု ဗြိတိန်နာမည်ကျော်ပညာရှင် ဆို

(GMT+08:00)2022-03-18 14:00:42  

ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် အမေရိကန်နိုင်ငံသည် ပြင်းထန်သော မှားယွင်းချက် ၂ခုရှိသည်ဟု ဗြိတိန်နာမည်ကျော်ပညာရှင် ဆို_fororder_微信图片_20220318133411

ဗြိတိန်နာမည်ကျော်ပညာရှင်၊ Cambridge တက္ကသိုလ် အဆင့်မြင့်သုတေသီ ဟောင်း Martin Jacques က ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် အမေရိကန်နိုင်ငံသည် ပြင်းထန်သော မှားယွင်းချက် ၂ခုရှိကြောင်း၊ ပထမအချက်မှာ အမေရိကန်နိုင်ငံသည် လက်ရှိ တစ်ခုတည်းသော စူပါနိုင်ငံကြီးဖြစ်သည်ဟု ယူဆခြင်းဖြစ်ကြောင်း၊ မိမိကိုယ်ကို အထင်ကြီးခြင်းကြောင့် အီရတ်စစ်ပွဲနှင့် အာဖဂန်စစ်ပွဲကို ဆင်နွှဲခဲ့ကြောင်း၊ ဒုတိယ အချက်မှာ ရုရှားနိုင်ငံကို စစ်အေးရှုံးနိမ့်နိုင်ငံအဖြစ် ထားခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံ၏ အကျိုးစီးပွားနှင့် လုံခြုံရေးလိုအပ်ချက်ကို လျစ်လျူရှုပြီး လက်ရှိအခြေအနေကို ဖြစ်ပွားစေကြောင်း မကြာမီက ပြောကြားခဲ့ပါသည်။