朱蕾

ကန်နှင့် အနောက်တိုင်းနိုင်ငံများ ငွေကြေးဆိုင်ရာ အရေးယူမှုကို အလွဲသုံးစား လုပ်ခြင်းသည် ကိုယ်တိုင် ဦးဆောင်ခွင့်ကို အားနည်းစေနိုင်

(GMT+08:00)2022-03-18 13:58:58  

ရုရှားမှ ယူကရိန်းကို စစ်ရေးဆောင်ရွက်မှု စတင်လာခဲ့ပြီးနောက် အမေရိကန် ဦးဆောင်သော အနောက်တိုင်းနိုင်ငံများမှ ရုရှားနိုင်ငံအား စီးပွားရေး အရေးယူမှု ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းသည် အထူးသဖြင့် ငွေကြေးဆိုင်ရာ အရေးယူမှုကို အလွဲသုံးစား လုပ်ခြင်းသည် လူအများအပြား၏ ဝေဖန်မှု ခံနေရကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

မကြာခင်က အမေရိကန် “Wall Street ဂျာနယ်”က သတင်းဆောင်းပါးကို ထုတ်ပြန်ပြီး အမေရိကန်နှင့် အနောက်တိုင်းနိုင်ငံများ၏ နိုင်ငံတကာငွေကြေးစနစ်ကို “လက်နက်ဖြစ်စေရေး” ဟူသော လုပ်ရပ်သည် ရေရှည် ဂယက်ရိုက်ခတ်မှု ရှိမည်ဟု ရေးသား ဖော်ပြပါသည်။