朱蕾

ရုရှားနှင့် ဘီလာရုစ်တို့နှင့် ကုန်သွယ်ရေးဆက်ဆံမှုကို ရပ်တန့်ရန် ကန် အတည်ပြု ဆုံးဖြတ်

(GMT+08:00)2022-03-18 14:02:40  

ဒေသစံတော်ချိန် မတ်လ ၁၇ ရက်နေ့က အမေရိကန် အောက်လွှတ်တော်သည် ထောက်ခံမဲ ၄၂၄ မဲ၊ ကန့်ကွက်မဲ ၈ မဲဖြင့် ရုရှားနှင့် ဘီလာရုစ်တို့နှင့် ကုန်သွယ်ရေး ဆက်ဆံမှုကို ရပ်တန့်သွားရန် ဥပဒေမူကြမ်းကို အတည်ပြုဆုံးဖြတ်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

အဆိုပါဥပဒေမူကြမ်းသည် ရုရှားနှင့် ဘီလာရုစ်အပေါ် အမေရိကန်၏ ကုန်ပစ္စည်းများ၏ အခွန်ကို တိုးမြှင့်ပေးမည်ဖြစ်ပြီး သမ္မတဘိုင်ဒင်အား ရုရှားနှင့် ဘီလာရုစ်ထုတ် ကုန်ပစ္စည်းများအပေါ် ပိုမို တင်းကျပ်သော အခွန်ကောက်ရန် အာဏာပေးကြောင်း သိရပါသည်။