朱蕾

ဈေးကွက်၏ အာရုံစူးစိုက်ချက်များကို အားကောင်းတိကျစွာ တုံ့ပြန်၊ တရုတ် စီးပွားရေး နွေးထွေးမှုရှိ

(GMT+08:00)2022-03-18 12:13:37  

ဈေးကွက်၏ အာရုံစူးစိုက်ချက်များကို အားကောင်းတိကျစွာ တုံ့ပြန်၊ တရုတ် စီးပွားရေး နွေးထွေးမှုရှိ_fororder_微信图片_20220318104917

ယခုလ ၁၆ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီ ငွေကြေး တည်ငြိမ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင် သီးခြား အစည်းအဝေးကို ကျင်းပခဲ့သည်။ လက်ရှိအချိန်တွင် ယခုအကြိမ် အစည်းအဝေးက ဈေးကွက်အား အနှောင့်အယှက်ပေးနေသည့် သော့ချက် ကျသော ပြဿနာကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအကျဆုံး လုပ်ငန်း အဖြစ် စွဲကိုင်ကြောင်း၊ စီးပွားရေး ထူထောင်မှုကို ဗဟိုကျသည့် လုပ်ငန်း အဖြစ် စွဲကိုင်ကြောင်း၊ ပြုပြင်ပြောင်းလဲမှု နက်ရှိုင်းစေရေးနှင့် တံခါးဖွင့်မှု တိုးချဲ့ရေးကို စွဲကိုင်ကြောင်း အလေးထား ဖော်ပြသည်။ ယင်းအချက်ပြလိုက်ခြင်းသည် ဈေးကွက် အတွက် သေချာမှု ဖြစ်ပြီး ဈေးကွက်တွင် စိုးရိမ်မှုများကို ထိရောက်စွာ လျော့နည်းစေသည်။

တရုတ် မူဝါဒ စီမံချမှတ်သူများသည် လက်ရှိ တရုတ် စီးပွားရေး ရင်ဆိုင်နေရသော အခက်အခဲများ အပေါ် ခေါင်းအေးအေးဖြင့် လေးနက်သော အကဲဖြတ် သုံးသပ်မှု ရှိပြီး အခက်အခဲများကို ကျော်လွှားရန် ပြင်ဆင်မှု ရှိကာ တရုတ် စီးပွားရေး၏ အင်အားနှင့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ကျော်လွှားရန် ယုံကြည်မှု အပြည့်အဝ ရှိသည်။

လက်ရှိအချိန်တွင် တရုတ်ပြည်သည် စီးပွားရေး နာလန်ပြန်ထူရေးကို ခြေလှမ်းမှန်မှန်ဖြင့် တွန်းအားပေးနေသည်။ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တရုတ်ပြည်၏ စက်မှုကုန်ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် သွင်းကုန်ပို့ကုန် စသည့် နယ်ပယ်များတွင် လျင်မြန်စွာ တိုးတက်လာပြီး အလုပ်အကိုင်နေရာ ချထားရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်မှုကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့သည်။ ယင်းသည် တရုတ် စီးပွားရေး လည်ပတ်မှုက တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်သည့် အလားအလာအား ထိန်းသိမ်းထားခြင်းကို ပြဆိုနေသည့် အပြင်၊ စီးပွားရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သော အခြေခံ အခြေအနေက ပြောင်းလဲမည် မဟုတ်ဟုလည်း ပြဆိုနေသည်။

ဖွံ့ဖြိုးတိုးတက်မှုကို တည်ငြိမ်စေရေး အတွက် တရုတ်ပြည်၏ နောက်ဆက်တွဲ ကျားကန်ပေးမှုသည် အားနည်းသွားမည် မဟုတ်ပေ၊ ငွေကြေး စနစ်သည် ဒြပ်ရှိ စီးပွားရေး အတွက် “သွေး”ကို ပိုမိုကောင်းမွန်စွာ ထောက်ပံ့ပေးပြီး ကောင်းမွန်သည့် လည်ပတ်မှုကို တိုးမြှင့်ကာ တရုတ် စီးပွားရေး ရှင်သန်တည်ငြိမ်စွာ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှုကို ကျားကန်ပေးမည်ဟု ဈေးကွက်မှ ကျယ်ပြန့်စွာ ခန့်မှန်းထားသည်။