ယမန်နေ့ ၁၆ ရက်နေ့က ကျင်းပခဲ့သော ၄၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တရုတ် ကိုယ်စားလှယ်က အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ စသည့် အနောက်နိုင်ငံများက အာဖဂန်နိုင်ငံတွင် ကလေးသူငယ်များ သတ်ဖြတ်ခြင်းဆိုင်ရာ ရာဇ၀တ်မှုများကို အာရုံစိုက်ရန် ပန်ကြားလိုက်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။
ကလေးသူငယ်များကို ကာကွယ်ရန်အတွက် အခြေခံနည်းလမ်းမှာ အချင်းပွားမှုများကို ရပ်တန့်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းပင် ဖြစ်ကြောင်း၊ ဘက်အသီးသီးတို့အနေနှင့် ညှိနှိုင်းဆွေးနွေးရေးဖြင့် ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းပြီး ငြိမ်းချမ်းတည်ငြိမ်မှုကို အတူ ထိန်းသိမ်းစောင့်ရှောက်ရန် လိုကြောင်း တရုတ်ကိုယ်စားလှယ်က ဖော်ပြပါသည်။