马宁

အမေရိကန်အနေနှင့် နိုင်ငံတကာမိသားစုကြီးအား ၄င်း၏ ယူကရိန်းမှ ဇီဝစမ်းသပ်ခန်းနှင့် ပတ်သက်၍ ရှင်းပြစေလိုသည်ဟု တရုတ်ဆို

(GMT+08:00)2022-03-17 15:39:47  

  အမေရိကန်နိုင်ငံ၏ ယူကရိန်းနိုင်ငံရှိ စစ်ရေး ဇီဝစမ်းသပ်ခန်းအပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရို့ဗ်၏ ပြောဆိုချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ  ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက  အမေရိကန်နိုင်ငံသည် ဇီဝလက်နက်ပိတ်ပင်ရေး ပဋိညာဉ်စာချုပ်ကို လိုက်နာကျင့်သုံးရန် ဝတ္တရားရှိသည့်အပြင် နိုင်ငံတကာမိသားစုကြီး၏ အာရုံစူးစိုက်သောကိစ္စရပ်နှင့်ပတ်သက်၍ ရှင်းပြရန် ဝတ္တရားလည်း ရှိကြောင်း မတ်လ ၁၆ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။