တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုလ ၁၅ ရက်နေ့က အီရန်နိုင်ငံခြားရေးဝန်ကြီး Abdollahian နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ သည်ဟု China Media Group မှ သတင်းအရသိရသည်။
ထိုသို့ဖုန်းဆက်ရာတွင် Abdollahian သည် အီရန်နျူကလီးယားပြဿနာရေးရာ ဘက်စုံသဘောတူစာချုပ် ပြန်လည်ဖော်ဆောင်ရေးဆိုင်ရာ စေ့စပ်ဆွေးနွေးမှု နောက်ဆုံး အခြေအနေနှင့် စပ်လျဉ်း၍ အကြောင်းကြားခဲ့ပြီး၊ အီရန်အနေနှင့် စေ့စပ်ဆွေးနွေးပွဲသို့ ဆောလျင်စွာ ပြန်လည်ရောက်ရှိလိုကြောင်း၊ စေ့စပ်ဆွေးနွေးမှုတွင် တရုတ်ပြည်မှ ပါဝင် သည့် အပြုသဘောဆောင်သော အခန်းကဏ္ဍအပေါ် ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြခဲ့ သည်။
ဝမ်ယိက စာချုပ် ပြန်လည်ဖော်ဆောင်ရေးဆိုင်ရာ သဘောတူညီမှု ဆောလျင်စွာ ရရှိရန် တရုတ်ပြည်မှ အစဉ်တစိုက် ထောက်ခံပါကြောင်း၊ ယင်းရည်မှန်းချက် အကောင်အထည်ဖော်ဆောင်ရန် အကျိုးပြုသည့် ကြိုးပမ်းမှု မှန်သမျှ အပေါ် တရုတ်ပြည် အနေနှင့် ပွင့်လင်းပြီး ထောက်ခံသော သဘောထားရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။