马宁

တရုတ်နိုင်ငံပြည်မကြီးက ယခုနှစ်ဆောင်းဦးတွင် ထိုင်ဝမ်အား“အင်အားဖြင့် ပေါင်းစည်းမှု” ဆောင်ရွက်မည်ဟု စဉ်းစားခဲ့ဖူးသလော။ တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးခန်းမှ တုံ့ပြန်ချက်

(GMT+08:00)2022-03-16 22:44:10  

  လတ်တလောတွင် “အင်အားဖြင့်ပေါင်းစည်းမည်” ဟူသောလေသံများထွက်လာပြီး ရှုပ်ထွေးလှသော နိုင်ငံတကာအခြေအနေက ထိုင်ဝမ်ရေလက်ကြားအခြေအနေအပေါ် သက်ရောက်မှုရှိသဖြင့် ထိုင်ဝမ်ပြည်သူများကိုပူပင်သောကရောက်စေပါသည်။ မတ်လ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးခန်း ပြောဆိုခွင့်ရာပုဂ္ဂိုလ် Zhu Fenglian က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အောက်ပါအတိုင်း တုံ့ပြန်ဖြေကြားခဲ့ပါသည်။ လက်ရှိတွင် တရုတ်ပြည်မကြီးနှင့်ထိုင်ဝမ်ဆက်ဆံရေးတင်းမာလာပြီး ထိုင်ဝမ်ရေလက်ကြားဒေသ တည်ငြိမ်အေးချမ်းမှုပျက်စီးနိုင်ခြေအန္တရာယ်မြင့်မားလာသည့် အရင်းခံသည် ဒီမိုကရေစီတိုးတက်ရေးပါတီအာဏာပိုင်က ပြည်ပအင်အားများနှင့် ချိတ်ဆက်ပြီး “လွတ်လပ်မှု” ဖော်ဆောင်ရေးအတွက် အဆက်မပြတ် စိန်ခေါ်ခြင်းကြောင့်ဖြစ်ကြောင်း၊ အချို့သောနိုင်ငံက “ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံအား ထိန်းချုပ်ခြင်း” ရည်ရွယ်ချက်ဖြင့် ထိုင်ဝမ်နှင့်ပတ်သက်သော အကြောင်းအရာများကို ခြယ်လှယ်၍ တရုတ်နိုင်ငံပေါင်းစည်းရေးနှင့် အမျိုးသားပြန်လည်နိုးထရေးအား တားဆီးလျက်ရှိသည်ဟု မိမိတို့ကြိမ်ဖန်များစွာ ထောက်ပြခဲ့ပါသည်။

  အမိနိုင်ငံတော် လုံးဝပေါင်းစည်းရေးဖော်ဆောင်ခြင်းသည် တရုတ်အမျိုးသားပြည်သူအားလုံး၏ တူညီသောဆန္ဒဖြစ်သည်။ မိမိတို့သည်စိတ်ရှည်ပြီး အကြီးမားဆုံးသောစေတနာဖြင့် ငြိမ်းချမ်းစွာပေါင်းစည်းရေးအနာဂတ်ကို အစွမ်းကုန်ဖော်ဆောင်လိုပါသည်။ တစ်ချိန်တည်းတွင် မိမိတို့၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် ပိုင်နက်မြေပြီးပြည့်စုံမှုအား ကာကွယ်စောင့်ထိန်းသည့်ဆုံးဖြတ်ချက်သည်လည်း မယိမ်းမယိုင်ခိုင်မြဲပါသည်။ မည်သူ မည်သည့်အင်အားကမျှ အမိနိုင်ငံတော်၏ မြင့်မြတ်သောပိုင်နက်မြေကို ကျူးကျော်ခြင်းနှင့် ပြိုကွဲစေခြင်းတို့အား လုံးဝခွင့်ပြုမည်မဟုတ်။ “ထိုင်ဝမ်လွတ်လပ်ရေး” ဟူသည့် ပြိုကွဲရေးအင်အားက စိန်ခေါ်အကျပ်ကိုင်လာပြီး ကျော်လွန်ခွင့်မပြုသော အကန့်အသတ်ထက် ကျော်လွန်လာပါက မိမိတို့ကလည်း ပြတ်သားသောအစီအမံများ မဖြစ်မနေဆောင်ရွက်ရပါလိမ့်မည်။