马宁

ယူကရိန်းရှိ ဇီဝစမ်းသပ်ခန်းများကို ဖွင့်လှစ်ပြီး သီးခြားစုံစမ်းစစ်ဆေးမှုအတွက် အကူအညီပေးရန် တရုတ်က ကန်အား ပန်ကြား

(GMT+08:00)2022-03-16 16:28:27  

  ယူကရိန်းနိုင်ငံရှိ ဇီဝစမ်းသပ်ခန်းများကို ဖွင့်လှစ်ပြီး နိုင်ငံတကာပညာရှင်များ သီးခြား စုံစမ်းစစ်ဆေးရေးအတွက် အကူအညီပေးကာ “ဇီဝလက်နက်တားဆီးပိတ်ပင်ရေး ပဋိညာဉ်စာချုပ်” စစ်ဆေးရေးစနစ်ထူထောင်မှုအပေါ် ၄င်း၏ ဆန့်ကျင်မှုကို ရပ်စဲရန် တရုတ်နိုင်ငံက အမေရိကန်အား ပန်ကြားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ၁၅ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။