张晓宁

ယူကရိန်းအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပေးပို့မည်

(GMT+08:00)2022-03-15 13:43:42  

ဒေသစံတော်ချိန် မတ်လ ၁၄ ရက်နေ့က ယူကရိန်းအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအတွက် ကမ္ဘာ့ဘဏ်သည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀၀ ကို နောက်ထပ် ပေးပို့မည်ဟု ကြေညာခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

ကမ္ဘာ့ဘဏ်က ယူကရိန်းအား ပေးအပ်သော အကူအညီ စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၉၂၅သန်း ကျော် ရှိပြီဖြစ်ပြီး ယင်းအနက်တွင် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကို ယူကရိန်းအား ပေးပို့နေပြီဖြစ်ကြောင်း သိရပါသည်။

အဆိုပါထောက်ပံ့ငွေသည် ယူကရိန်းအတွက် ကမ္ဘာ့ဘဏ်မှ ထောက်ပံ့ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကျန်သော ထောက်ပံ့ရေးဆိုင်ရာများကို ပြင်ဆင်နေဆဲဖြစ်ကြောင်း သိရပါသည်။