ယခုလ ၁၃ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းသည် တရုတ်နှင့် အမေရိကန်၏ တွေ့ဆုံဆွေးနွေးပွဲအကြောင်းနှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မတီရုံး ဥက္ကဋ္ဌ ယန်ကျယ်ချီသည် ရောမမြို့သို့ သွားရောက်ပြီး အမေရိကန် သမ္မတ၏ နိုင်ငံတော်လုံခြုံရေး လက်ထောက် စပ်လစ်ဗန်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခြင်း အကြောင်းနှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ ကျောက်လိကျန်းက ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲ၏ အဓိက အကြောင်းမှာ လွန်ခဲ့သည့်နှစ် နိုဝင်ဘာလက တရုတ်နှင့် အမေရိကန် ထိပ်သီးခေါင်းဆောင်တို့၏ ဗီဒီယို တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိခဲ့သော အရေးကြီး သဘောတူညီချက်ကို အကောင်အထည် ဖေါ်ဆောင်ရန် ဖြစ်ကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး နှစ်ဖက်တို့သည် လွန်ခဲ့သည့်နှစ် နှစ်ကုန်ပိုင်းကစပြီး ကူးလူးဆက်ဆံမှုကို တစ်လျှောက်လုံး ထိန်းသိမ်းထား၍ နှစ်ဖက်တို့၏ အစီအစဉ်အတိုင်း တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန်အချိန်ကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် တရုတ် အမေရိကန် ဆက်ဆံမှုနှင့် အတူတကွ အလေးထားကြသော နိုင်ငံတကာနှင့် ဒေသရေးရာ ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။