李悦

ရုရှားနှင့်ယူကရိန်းစတုတ္တအကြိမ်ဆွေးနွေးပွဲကိုမတ်လ၁၄ရက်နေ့တွင် ဗီဒီယိုပုံစံဖြင့်ကျင်းပမည်

(GMT+08:00)2022-03-14 10:59:31  

ဒေသစံတော်ချိန် ၁၃ရက်နေ့ညက ရုရှားသမ္မတ၏ပြန်ကြားရေးအတွင်းရေးမှူး ဘေစ်ကိုဗ်က ရုရှားနှင့် ယူကရိန်း စတုတ္တအကြိမ် ဆွေးနွေးပွဲကို မတ်လ ၁၄ ရက်နေ့တွင် ဗီဒီယိုပုံစံဖြင့် ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

ယူကရိန်းသမ္မတရုံးမှအကြံပေးအရာရှိ ဘိုတိုလစ်ရာက်က ၁၃ ရက်နေ့က လူမှုကွန်ရက်တွင် ရုရှားနှင့် ယူကရိန်းတို့သည် ဗီဒီယိုအစည်းအဝေးများဖြင့် အဆက်မပြတ် ကူးလူးဖလှယ် နေခဲ့ကြကြောင်း၊ မတ်လ ၁၄ ရက်နေ့တွင် နှစ်ဖက်တို့သည် အစည်းအဝေးကျင်းပပြီး ပဏာမရလာဒ်များကို ပေါင်းရုံးသုံးသပ်မည်ဖြစ်ကြောင်း ဖေါ်ပြခဲ့ပါသည်။

ရုရှားနှင့်ယူကရိန်းစတုတ္တအကြိမ်ဆွေးနွေးပွဲကိုမတ်လ၁၄ရက်နေ့တွင် ဗီဒီယိုပုံစံဖြင့်ကျင်းပမည်_fororder_佩斯科夫