ဒေသစံတော်ချိန် ယခုလ ၁၁ ရက်နေ့ ညနေပိုင်းက တရုတ်ပြည်မှ ယူကရိန်းနိုင်ငံအား ထောက်ပံ့သည့် ပထမအသုတ် လူသားချင်းစာနာ ထောက်ထားမှုပစ္စည်းများသည် ယူကရိန်းနိုင်ငံ Chernovtsy မြို့သို့ ပို့ဆောင်ရောက်ရှိပြီး၊ ယူကရိန်း ကြက်ခြေနီအသင်းမှ သက်ဆိုင်ရာဝန်ထမ်းများက လက်ခံခဲ့သည်ဟု China Media Group မှ သတင်းအရသိရ သည်။
ယင်းထောက်ထားမှုပစ္စည်းများတွင် သိုးမွေးစောင်၊ အစိုဓာတ်ခံဖျာ၊ မျက်နှာသုတ်ပဝါ၊ ပန်းကန်ခွက်၊ ပုံးနှင့် ဓာတ်မီး စသည့် နေ့စဉ်သုံးပစ္စည်းများ ပါဝင်ကြသည်ဟု သတင်းအရ သိရသည်။