တရုတ်ဝန်ကြီးချုပ် လီခေ့ချန်က တရုတ်အစိုးရအနေဖြင့် ပြည်သူ့နေထိုင်မှုဘဝ အာမခံပေးရေးနှင့် ကောင်းမွန်တိုးတက်စေရေးတို့ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ချက်အဖြစ် အစဉ်တစိုက်ထားပြီး တတ်နိုင်သမျှလုပ်ဆောင်သည့်တစ်ချိန်တည်း တွင် ပြည်သူလူထု၏ အသံနှင့် တောင်းဆိုချက်ကိုလည်း ကြားနာရမည် ဖြစ်ကြောင်း မတ်လ ၁၁ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ် လီခေ့ချန် က တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားသို့ တံခါးဖွင့်ရေးမူဝါဒကို အနှစ် ၄၀ကျော် ကျင့်သုံး၍ မိမိ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများအား အကျိုးဆောင်ကြဉ်း ပေးသကဲ့သို့ ကမ္ဘာအတွက်လည်း အကျိုးပြုခဲ့ကြောင်း၊ ၄င်းအခွင့်အလမ်းရှိသည့် တံခါးကို တရုတ်နိုင်ငံအနေဖြင့် ပိတ်ပင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။