တရုတ်ဝန်ကြီးချုပ် လီခေ့ချန်က ယခုအကြိမ် အစိုးရက တာဝန်စတင် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်း နိုင်ငံတကာ အခြေအနေသည် ရှုပ်ထွေးပွေလီ ဖြစ်ပြီး ပြောင်းလဲမှုများကာ ပြည်တွင်း၌ အခက်အခဲများလည်း တိုးလာခဲ့ကြောင်း၊ အကြီးဆုံး စိန်ခေါ်မှုသည် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကူးစက်ရောဂါကြောင့် စီးပွားရေးအပေါ် ပြင်းထန်သော ထိခိုက် ဂယက်ရိုက်ခတ်မှု ဖြစ်ကြောင်း၊ မိမိတို့သည် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တစ်လျှောက်လုံး ဆိုသလို ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို တစ်ပြိုင်တည်း တွန်းအားပေးပြီး နိုင်ငံတကာ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ ပြောကြားခဲ့ပါသည်။