洪荃诠

နိုင်ငံတကာစွမ်းအင်ဈေးနှုန်း တက်လာ၊ “ကျွန်တော်တို့ကဘာမှ မတတ်နိုင်ဘူး”လို့ OPEC အတွင်းရေးမှူးချုပ် ဆို

(GMT+08:00)2022-03-10 16:49:38  

နိုင်ငံတကာစွမ်းအင်ဈေးနှုန်း တက်လာ၊ “ကျွန်တော်တို့ကဘာမှ မတတ်နိုင်ဘူး”လို့ OPEC အတွင်းရေးမှူးချုပ် ဆို_fororder_0c160238da194645b318fd3f8eec390b

OPECသည် ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာခြင်းကို မထိန်းချုပ်နိုင်ကြောင်း၊ အဓိကအချက်မှာ ရုရှားထောက်ပံ့မှုကို အစားထိုးနိုင်ရန် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု စွမ်းအား မလုံလောက်ခြင်းကြောင့် ဖြစ်ကြောင်း OPEC အတွင်းရေးမှူးချုပ် ဘာလ်ကင်ဒိုက မကြာခင်က ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။
အဓိက ရေနံ တင်ပို့ရေးနိုင်ငံ ဖြစ်သည့် ရုရှားနိုင်ငံသည် ကမ္ဘာ့ဈေးကွက်သို့ တစ်နေ့လျှင် ရေနံစိမ်း စည်ပေါင်း ၇ သန်းခန့် တင်ပို့ရောင်းချလျက်ရှိပါသည်။ ယခုလောလောဆယ်တွင် ရုရှား-ယူကရိန်း အချင်းပွါးမှုနှင့် အနောက်နိုင်ငံများ၏ ရုရားအပေါ် အရေးယူပိတ်ဆို့မှုကြောင့် နိုင်ငံတကာရေနံဈေးနှုန်းသည် ဒလကြမ်း မြင့်တက်လာပါသည်။ ယင်းနှင့်ပတ်သက်၍ ဘာလ်ကင်ဒိုက OPEC သည် ဈေးကွက် တည်ငြိမ်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းဆောင်ရွက်နေသော်လည်း ရုရှားထုတ်လုပ်မှု ဆုံးရှုံးမှုအတွက် ကမ္ဘာက ဖြည့်စွက်စွမ်းအားမရှိကြောင်းဖော်ပြပါသည်။