တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နဲ့ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်းဖရင့် အစည်းအဝေးများ ကျင်းပခဲ့စဉ်အတွင်း တရုတ်နိုင်ငံတော် ခေါင်းဆောင် ရှီကျင့်ဖိန်က ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်အဖြစ်နဲ့ အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ကိုယ်စားလှယ်အဖွဲ့ရဲ့ စိစစ်ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပါတယ်။ ရှီကျင့်ဖိန်က တရုတ် တိုင်းရင်းသားပေါင်းစုံတို့က သလဲစေ့လို ပွေ့ဖက်ထားပြီး သာယာသောဘဝကို လက်တွဲ ဖန်တီးရမယ်လို့ ပြောကြားပါတယ်။
သလဲစေ့နဲ့ ဥပမာပေးခြင်းဟာ တရုတ်တိုင်းရင်းသားပေါင်းစုံတို့ သွေးစည်းညီညွတ်ရေးရဲ့ အရေးကြီးပုံကို သရုပ်ဖေါ်ပြထားပါတယ်။ နှစ်စဉ်ကျင်းပတဲ့ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နဲ့ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်းဖရင့် အစည်းအဝေးများမှာ ရှီကျင့်ဖိန်က ကိုယ်စားလှယ်များနဲ့ ကော်မတီဝင်များရဲ့ အဖွဲ့လိုက် ဆွေးနွေးပွဲများမှာ ပါဝင်ပြီး တိုင်းရေးပြည်ရာကိစ္စများကို အတူ ဆွေးနွေးကြပါတယ်။ အဲဒီလို ဆွေးနွေးရာမှာ ရှီကျင်ဖိန့်က ဥပမာအမျိုးမျိုး ပေးလေ့ရှိပါတယ်။ ရှီကျင့်ဖိန်က တရုတ်ပြည် နာမည်ကြီး ရှေးဟောင်း ပန်းချီကားတစ်ကားနဲ့ ခေတ်သစ်မှာ တရုတ်လူမျိုးများရဲ့ သာယာတဲ့ နေထိုင်မှုပုံကို ပြောခဲ့ဖူးပါတယ်။
“ဖူချွန်းတောင်တန်းမှာအခြေချနေထိုင်ပုံ”
“ဖူချွန်းတောင်တန်းမှာအခြေချနေထိုင်ပုံ”ဟာ ယွမ်မင်းဆက် ပန်းချီဆရာ ဟွမ်ကုန်းဝမ့်ရဲ့နာမည်ကျော်ပန်းချီပဲဖြစ်ပါတယ်။ မှင်ပန်းချီဆွဲနည်းဖြင့် လူနှင့် သဘာဝတရားတို့သဟဇာတ ကိုက်ညီနေတဲ့အလှတရားကို ပေါ်လွင်အောင်ဖန်တီးရေးဆွဲထားတာဖြစ်ပါတယ်။ “ထူးခြားချက်အမျိုးမျိုးပါရှိတဲ့ခေတ်သစ်’ဖူချွန်းတောင်တန်းမှာအခြေချနေထိုင်ပုံ’ဆိုတဲ့ပန်းချီကိုဖန်တီးရမယ်” ဆိုတဲ့စကားဖြင့် တရုတ်နိုင်ငံတော်ဥက္ကဌရှီကျင့်ဖိန်ဟာ ဒီလိုခိုင်းနှိုင်းမှုတွေ သုံးပြီး ခေတ်သစ်တရုတ်နိုင်ငံရဲ့ ဂေဟစနစ်လူနေထိုင်မှုရဲ့ လှပတဲ့ရုပ်ပုံတွေကို ပေါ်လွင်အောင် တင်ပြခဲ့ပါတယ်။ ခေတ်သစ် ’ဖူချွန်းတောင်တန်းမှာအခြေချနေထိုင်ပုံ’ ဆိုတဲ့ပန်းချီဟာ လက်တွေ့ဖြစ်နေပါပြီ။
သလဲစေ့နဲ့ ခေတ်မီ “ဖူချွန်းတောင်တန်းမှာ အခြေချနေထိုင်ပုံ” ပန်းချီကားကို ဥပမာ ပေးပြီး တရုတ်နိုင်ငံရေး စီမံခန့်ခွဲမှု ဗျူဟာများကို သရုပ်ဖေါ်ပြထားပါတယ်။ အခု ရှီကျင့်ဖိန်ရဲ့ ရသမြောက်တဲ့ ဥပမာပေးခြင်းတွေကို အတူ ကြည့်ကြရအောင်။
၁။ သံရိုက်တာ
ရှီကျင့်ဖိန်က ပြည်သူလူထု နေထိုင်မှုဘဝဆိုင်ရာ လုပ်ငန်းကို စွဲစွဲမြဲမြဲ ကောင်းအောင် လုပ်ရမယ်၊ “သံရိုက်” စိတ်ဓါတ် အရ မလျှော့သောဇွဲနဲ့ စွဲကိုင်ကြိုးပမ်းရမယ်လို့ ပြောခဲ့တယ်။
ရှင်းပြချက်။ ။ “သံရိုက်” စိတ်ဓါတ်ကတော့ လုပ်ငန်းထူထောင်တာ၊ လုပ်ငန်းဆောင်ရွက်တာဇွဲရှိရှိနဲ့ ဆက်တိုက် ကြိုးစားပြီးမှ အောင်နိုင်မယ် ဆိုတာ ဖြစ်ပါတယ်။
၂။ ပန်းထိုးတာ
ရှီကျင့်ဖိန်က မြို့ပြ စီမံခန့်ခွဲတာဟာ ပန်းထိုးသလို သေချာထိမှန် ဆောင်ရွက်ရတယ်လို့ ပြောခဲ့တယ်။
ရှင်းပြချက်။ ။ ပန်းထိုးတဲ့အခါ တစ်ခုလုံး ခြုံပြီးစီစဉ် ရတဲ့အပြင် အသေးစိတ် အရာတွေကိုလည်း သေသေချာချာ လုပ်ရတယ်။ သေသေချာချာ စီမံခန့်ခွဲမှသာ မြို့ကြီးတွေဟာ ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်ပါတယ်။
၃။ ကောက်ရိုးငှက်ခြောက်ရုပ်
ရှီကျင့်ဖိန်က စည်းကမ်းဟာ ကောက်ရိုး ငှက်ခြောက်ရုပ် ဖြစ်တယ်လို့ လူအချို့က ထင်ယူပြီးအလေးမထားပါဘူး။ ကျွန်တော်တို့ကတော့ စည်းကမ်းကို တင်းတင်းကျပ်ကပ် လိုက်နာစောင့်စည်းရမယ်လို့ ပြောခဲ့တယ်။
ရှင်းပြချက်။ ။ ရှီကျင့်ဖိန်က အဲဒီဥပမာပေးပြီး၊ အဖွဲ့အစည်းစည်းကမ်းများ၊ ဘဏ္ဍာရေးစည်းကမ်းများ၊ နိုင်ငံရေးစည်းကမ်းများအပါအဝင် စည်းကမ်းအရပ်ရပ်က ကောက်ရိုးငှက်ခြောက်ရုပ်လို ဖြစ်လာရင် အဂတိလိုက်စားမှုများ ဖြစ်စေနိုင်ပြီး နောက်ဆုံးမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ရုပ်သွင်ပျက်သွားစေ၍ ပြည်သူလူထုများရဲ့ ထောက်ခံမှု ဆုံးရှုံးသွားစေနိုင်မယ်လို့ ဆိုပါတယ်။
၎။ ကြေးမုံ
ရှီကျင့်ဖိန်က အကြောင်းကိစ္စငယ်ဟာ ကြေးမုံတစ်ချပ်လိုပဲ၊ အထဲမှာ ပါတီရဲ့ သဘောတရား၊ မူနဲ့ အကျင့်တရားရှိတယ်လို့ ပြောခဲ့တယ်။
ရှင်းပြချက်။ ။ အကြောင်းကိစ္စငယ်ဟာလူတစ်ယောက်ရဲ့ လုပ်နည်းလုပ်ဟန်နဲ့ အကျင့်တရား ဘယ်လိုလဲ ဆိုတာကိုပြန်ဟပ်နိုင်တယ်။ ရှီကျင့်ဖိန်က အဲဒီဥပမာပေးပြီးကေဒါခေါင်းဆောင်တို့ အနေနဲ့ အကြောင်းကိစ္စငယ်ကနေ အကျင့်တရားကို မွေးထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုမို ပြည့်စုံကောင်းမွန်အောင် လုပ်ဆောင်ကာ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ရတယ်လို့ ဆိုလိုတာပါ။
၅။ မင်းငယ်ကလှည်းကြီးကိုဆွဲတာ
ရှီကျင့်ဖိန်က အလွန်အမင်းဆင်းရဲမှု လျှော့ချရမယ်လို့ သန္နိဋ္ဌာန် ချရတယ်၊ ဒါပေမယ့် စံချိန်ကို မြင့်လွန်းအားကြီးတာသတ်မှတ်လို့လည်းမရဘူး၊ ဒီလိုဆိုရင် မျှော်မှန်းတာကို ဖေါ်ဆောင်ဖို့ ခက်မယ်။ မင်းငယ်က လှည်းကြီးကို ဆွဲသလို ဆွဲနိုင်မှာ မဟုတ်ဘူး၊ နောက်ဆုံးမှာ ရည်မှန်းချက် ကောင်းပေမယ့် ကိစ္စကိုတော့ ပြီးမြောက်အောင် မလုပ်နိုင်တာပါပဲလို့ ပြောခဲ့တယ်။
ရှင်းပြချက်။ ။ မင်းငယ်ကလှည်းကြီးကိုဆွဲတာဟာကိုယ့်စွမ်းအားနဲ့ မလုပ်နိုင်တဲ့ ကိစ္စကိုလုပ်ရင် လုပ်ဖြစ်နိုင်မှာမဟုတ်ဘူးဆိုတာ ဖြစ်တယ်။ ရှီကျင့်ဖိန်ကဒီဥပမာကိုအသုံးပြုခြင်းဟာဆင်းရဲမှု လျှော့ချရေးလုပ်ငန်းအပေါ် နက်ရှိုင်းဘက်စုံတဲ့ သိမြင်မှုကို ပြသပြီး ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းအတွက် ဦးတည်ချက်ကို ဖေါ်ပြထားပါတယ်။
၆။ အရိုးမာကိုကိုက်ဝါးတာ
ရှီကျင့်ဖိန်က ပြုပြင်ပြောင်းလဲမှုကိုတစ်ဆင့်တိုးဇောက်ချပြုလုပ်ရာမှာအတွေးအခေါ်နဲ့ အကျိုးစီးပွားဆိုင်ရာအဟန့်အတားများကိုရဲရဲဝံ့ဝံ့ ချိုးဖောက်ရမယ်၊ အရိုးမာကိုရဲရဲဝံ့ဝံ့ ကိုက်ဝါးရမယ်၊ အန္တရာယ်ရှိတဲ့မြစ်ကိုကူးရဲရမယ်လို့ ပြောခဲ့တယ်။
ရှင်းပြချက်။ ။ အရိုးမာကိုကိုက်ဝါးတာဟာစိန်ခေါ်မှုကိုရင်ဆိုင်ရဲတာ၊ အခက်အခဲကိုမကြောက်ဘဲရဲရဲဝံ့ဝံ့ ဖြတ်ကျော်ရဲတာ၊ ဇွဲသတ္တိရှိရတာဆိုတာ ဖြစ်တယ်။
၇။ မျက်စိနဲ့ အသက်
ရှီကျင့်ဖိန်က မျက်စိကို စောင့်ရှောက်သလို ဂေဟစနစ်ကို စောင့်ရှောက်ရမယ်၊ ဂေဟပတ်ဝန်းကျင်ကို ကိုယ့်အသက်လို တန်ဖိုးထားသဘောထားရမယ်လို့ ပြောခဲ့တယ်။
ရှင်းပြချက်။ ။ မျက်စိနဲ့ အသက် ဆိုတဲ့ ဥပမာဟာ ဂေဟစနစ် ပတ်ဝန်းကျင်ဟာ ထိခိုက် ခံတတ်တာ ဖြစ်ပြီး လူ့အသက်လို ပြန်လည်ရှင်သန်ဖို့ ခက်ကာ ဂေဟစနစ် ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ဖို့ဟာ လွန်စွာအရေးကြီးတယ်လို့ ဖေါ်ပြထားပါတယ်။ အဲဒီဥပမာဟာ ရှီကျင့်ဖိန်ရဲ့ ဂေဟစနစ် ယဉ်ကျေးမှု အတွေးအခေါ်ရဲ့ သရုပ်ပြချက် ဖြစ်ပါတယ်။
၈။ သစ်ပင်
ရှီကျင့်ဖိန်က ကြိုးပမ်းအားထုတ်ပြီး မကောင်းတဲ့ သစ်ပင်ကိုနုတ်ရမယ်၊ ရောဂါရှိတဲ့ သစ်ပင်ကိုကုရမယ်၊ စောင်းနေတဲ့သစ်ပင်ကိုမတ်မတ် ဖြစ်အောင် ပြုပြင်ရမယ်၊ ကေဒါခေါင်းဆောင်များကို နိုးကြားလာအောင် သတိပေးရမယ်လို့ ပြောခဲ့တယ်။
ရှင်းပြချက်။ ။ ဒီဥပမာဟာ တရုတ်ကွန်မြူနစ်ပါတီက ပါတီကို တင်းကျပ်စွာ ကြပ်မတ် စီမံအုပ်ချုပ်ခြင်းကို သရုပ်ဖေါ်ပြထားတယ်။ ဖြစ်နိုင်ဖွယ်ရာ ပြဿနာကို မဖြစ်ခင်မှာ တားမြစ်ရမယ်၊ စည်းမျဉ်းစည်းကမ်းကို ရှေ့မှာထားပြီး ကြိုတင် သတိပေးကာ၊ အဂတိလိုက်စားသူများကို ပြတ်ပြတ်သားသားအရေးယူရမှာ ဖြစ်ပါတယ်။
၉။ အပ်ထိပ်ဖျားလိုအပေါက်လေးဟာတင်းလောက်ကြီးတဲ့လေထွက်နိုင်
ရှီကျင့်ဖိန်က အပ်ထိပ်ဖျားလို အပေါက်လေးဟာ တင်းလောက်ကြီးတဲ့လေ ထွက်နိုင်တယ်။ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးကို အချိန်မရွေး စဉ်ဆက်မပြတ် တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရမယ်လို့ ပြောခဲ့တယ်။
ရှင်းပြချက်။ ။ အပ်ထိပ်ဖျားလိုအပေါက်လေးဟာ တင်းလောက်ကြီးတဲ့လေထွက်နိုင် ကတော့ ဆောင်းတွင်းမှာ ပြတင်းပေါက်မှာ အပေါက် သေးသေးလေးပေမဲ့ လေအေး အမြောက်အမြားဝင်နိုင်မယ် ဆိုတာ ဖြစ်တယ်။ ဆိုလိုတာက ကိစ္စ လုပ်တာနည်းနည်းသတိမထားရင် နစ်နာဆုံးရှုံးမှုကြီး ဖြစ်နိုင်မှာ ဖြစ်ပါတယ်။
၁၀။ ဖူချွင်တောင် နေထိုင်မှု ပန်းချီကား
ရှီကျင့်ဖိန်က သာယာလှပတဲ့ ပုံစံအမျိုးမျိုးနဲ့ ထူးခြားချက်ဝိသေသမျိုးစုံရှိတဲ့ ခေတ်မီဖူချွင်တောင် နေထိုင်မှု ပန်းချီကားကိုရေးဆွဲရမယ်လို့ ပြောခဲ့တယ်။
ရှင်းပြချက်။။ဖူချွင်တောင် နေထိုင်မှု ပန်းချီကားဟာ ယွမ်မင်းဆက်ခေတ်က ရှေးဟောင်းပန်းချီကား ဖြစ်ပြီး တရုတ်ပြည် ဖူချွင်မြစ် တစ်ဝှမ်းမှာ လူနဲ့ သဘာဝ သင့်မြတ်ဖေါ်ရွေစွာ အတူယှဉ်တွဲနေထိုင်ပုံကို ဖေါ်ပြထားပါတယ်။ ရှီကျင့်ဖိန်က ယနေ့ခေတ် ဖူချွင်တောင် နေထိုင်မှု ပန်းချီကားကို ဥပမာအဖြစ် ပေးပြီး ခေတ်သစ်မှာတရုတ်ပြည်သူများရဲ့ ချမ်းသာ၊ လှပ၊ ယဉ်ကျေး၊ ချမ်းမြေ့သောသာယာလှပတဲ့ ရပ်ရွာပုံကိုသရုပ်ဖေါ်ပြထားပါတယ်။