၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ပဉ္စမအကြိမ် အစည်းအဝေး ပိတ်ပွဲအခမ်းအနားကို ယခုလ ၁၀ ရက်နေ့ နံနက်ပိုင်းက ပီကင်းပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပါသည်။ ရှီကျင့်ဖိန် အပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များက ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။