宋冉
Sunday, 4  may 2025

ထိုင်းနိုင်ငံရှိ အပန်းဖြေဟိုတယ်တစ်ခု မီးလောင်မှုကြောင့် ဘတ်ငွေ သန်းရာနှင့်ချီ နစ်နာဆုံးရှုံး

(GMT+08:00)2022-03-09 12:55:14  

ဒေသစံတော်ချိန် ၇ ရက်နေ့ ညသန်းခေါင်အချိန်တွင် ထိုင်းနိုင်ငံ အရှေ့ပိုင်း Trat ခရိုင် Koh Kood ကျွန်းရှိ  Soneva Kiri အပန်းဖြေဟိုတယ်သည် ဆိုရှယ်မီဒီယာ ကနေတဆင့် ကြေညာချက်ထုတ်ပြန်ရာတွင် ၆ ရက်နေ့က ဖြစ်ပွားခဲ့သော မီးလောင်မှုသည် အပန်းဖြေစခန်းတွင် ဈေးအကြီးဆုံး ဗီလာကို မီးလောင်ခြင်းဖြစ်၍ ပျက်စီးမှုပဏာမ ခန့်မှန်းခြေ ဘတ်ငွေ သန်း ၂၀၀ မှ သန်း ၃၀၀ အထိ ဆုံးရှုံးခဲ့သည်ဟု ဖေါ်ပြထားပါသည်။

မီးလောင်ရသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။ မီးလောင်မှုတွင် ဒဏ်ရာရရှိသူများ ကုသမှုခံယူပြီးနောက် ဘန်ကောက်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း China Media Group မှ သတင်းအရသိရသည်။