NBC Cable Channel မှ ရုရှား-ယူကရိန်းပဋိပက္ခသည် တားဆီးရန်အခွင့်အလမ်းများရှိခဲ့သည်ဟု ဆောင်းပါး ရေးသားခဲ့ပါသည်။ သို့သော် စစ်အေးကာလပြီးဆုံးပြီးနောက် အမေရိကန်တို့သည် ကတိတည်မှုမရှိဘဲ၊ အကြိမ်ပေါင်းများစွာ နေတိုးအဖွဲ့အား အရှေ့ဘက်သို့တိုးချဲ့ခဲ့ပြီး အနောက်တိုင်း နိုင်ငံရေးသမားများသည် နေတိုး၏ အခွင့်အာဏာအား မဖော်ပြလိုခြင်း (သို့) ရုရှားနှင့် ညှိုနှိုင်းမှု မပြုလုပ်လိုခြင်းတို့သည် အမှန်စင်စစ်တွင် အလောင်းအစား တစ်ခုသာဖြစ်ပါသည်။ ယူကရိန်းသည် အမေရိကန်တို့၏ နောက်ဆက်တွဲရလဒ်အားမကြည့်ဘဲ “ရန်စခြင်း”အတွက် ပေးဆပ်ခဲ့သော်လည်း အမေရိကန်တို့သည်မူ ကာကွယ်မှုပေးမည်ဟု မည်သည့်အခါကမျှ ကတိမပေးခဲ့ပါ။ ဆောင်းပါးတွင် အမေရိကန်တို့သည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော နိုင်ငံကြီးဖြစ်လိုပြီး အတားအဆီးမဲ့စွာ ဗိုလ်ကျစိုးမိုးမှု အာဏာကို ဆောင်ရွက်လိုသော်လည်း အမှန်တကယ်တွင် ဤသို့ဖြစ်မလာခဲ့ပါဟု ဖော်ပြထားပါသည်။