宋冉

ယူကရိန်းတွင် ဇီဝလက်နက်အစိတ်အပိုင်း သုတေသနပြုခဲ့ဖူးလား။ ရုရှားနှင့်ယူကရိန်းမှ အသီးသီး အကြောင်းပြန်ခဲ့။ ဖြစ်ရပ်မှန်ကဘာလဲ။

(GMT+08:00)2022-03-09 14:29:00  

ဒေသစံတော်ချိန် မတ်လ ၈ရက်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာမှ ယူကရိန်းပိုင်နက်တွင် တည်ရှိသည့် ဇီဝစမ်းသပ်ခန်းတွင် ဇီဝလက်နက်အစိတ်အပိုင်း သုတေသနပြုမှုလုပ်ဆောင်ခဲ့ဟု ကြေညာချက်           ထုတ်ပြန်ခဲ့ပါသည်။

ထိုမတိုင်မီက ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ရုရှားတို့သည် စစ်ရေးလှုပ်ရှားမှုအတွင်းတွင် အမေရိကန်တို့မှ ထောက်ပံ့ထားသည့် ယူကရိန်းပိုင်နက်အတွင်း ဆောင်ရွက်နေသည့် စစ်ရေးဆိုင်ရာ ဇီဝစီမံချက်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားပါသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာမှ ၈ ရက်နေ့တွင် ယူကရိန်းတွင် များပြားလှစွာသော သက်သေများရရှိထားပြီဖြစ်ပြီး ဤပြောဆိုချက်အား သက်သေ ထူနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဒေသစံတော်ချိန် မတ်လ ၇ရက်၊ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ယူကရိန်းသည် ဇီဝလက်နက် သုတေသနပြုထုတ်လုပ်ခြင်း မရှိကြောင်း ပြောကြားခဲ့ပါသည်။