辛甜

ရုရှားစွမ်းအင်ကို ဆက်လက်အသုံးပြုရန် ဂျာမနီ လိုလား

(GMT+08:00)2022-03-08 13:48:42  

ဥရောပကော်မရှင်သည် ၈ ရက်နေ့တွင် ရုရှားထံမှ အမြန်ဆုတ်ခွာမည့် အစီအစဉ်ကို ထုတ်ဖော်ပြောကြားရန် ဆန္ဒရှိပြီး အမေရိကန်ကလည်း ရေနံသယ်ယူမှု တားမြစ်ရန် ထည့်သွင်း စဉ်းစားနေသည်။ ဂျာမနီကမူ ရုရှားထံမှ စွမ်းအင် ဆက်လက်တင်သွင်းရန် ဆန္ဒရှိသည်။ အချိန်တိုအတွင်း ရုရှားမှ စွမ်းအင်တင်သွင်းမှုကို လုံးဝဖြတ်တောက်ရန် မဖြစ်နိုင်ကြောင်း ဂျာမန် ဝန်ကြီးချုပ် Olaf Scholz က ဒေသစံတော်ချိန် ၇ ရက်နေ့တွင် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

Olaf Scholz က “ဥရောပမှာ အပူ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုစွမ်းအင်တွေထောက်ပံ့ဖို့ လက်ရှိမှာ အခြားနည်းလမ်းမရှိပါဘူး။ ရုရှားမှ စွမ်းအင်က နိုင်ငံသားများ နေ့စဉ်ဘဝအတွက် အရေးပါနေတယ်။ ဒါကြောင့်လည်း ဥရောပက စွမ်းအင်ထောက်ပံ့မှုကို ပိတ်ဆို့အရေးယူမှုများမှ ဖယ်ထုတ်ထားသင့်ခြင်း ဖြစ်ပါတယ်” ဟု ရှင်းလင်းပြောကြားသည်။

ဂျာမနီသည် ရုပ်ကြွင်းလောင်စာအတွက် ရုရှားအပေါ် အလွန်အမင်းမှီခိုနေရသည်။ ဖက်ဒရယ်စီးပွားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ ဂျာမနီတွင် ရုရှား၏ ရုပ်ကြွင်းလောင်စာနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုဝေစုမှာ ၅၅% ခန့်၊ ကျောက်မီးသွေးတင်သွင်းမှုမှာ ၅၀% ခန့်၊ ရေနံစိမ်းတင်သွင်းမှုမှာ ၃၅% ခန့် ရှိကြောင်း သိရသည်။  ဥရောပသမဂ္ဂအတွင်း သဘာဝဓာတ်ငွေ့တင်သွင်းမှု၏ ၄၀% ခန့်သည် ရုရှားမှ ဖြစ်သည်။