辛甜

ဖြေကြားချက် ၂၇ ခုသည် တရုတ်နိုင်ငံက ကမ္ဘာကြီးအပေါ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်းကို ပေါ်လွင်လာ

(GMT+08:00)2022-03-08 10:46:22  

   ဒီလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြည်တွင်းပြည်ပမှ သတင်းထောက်များရဲ့ မေးမြန်းချက် ၂၇ ခုကို ဖြေကြားခဲ့ပါတယ်။ အကြောင်းအရာများမှာ ယူကရိန်း အခြေအနေ၊ နိုင်ငံကြီး အကြား ဆက်ဆံမှု၊ နိုင်ငံတကာ စီမံခန့်ခွဲမှု စတာတွေ ပါဝင်ပါတယ်။

   တရုတ်နိုင်ငံဟာ ယူကရိန်း ပြဿနာကို ဖြေရှင်းဖို့ အဆိုပြုချက် လေးရပ်ကို တင်ပြပြီး အရှေ့အလယ်ပိုင်း လုံခြုံတည်ငြိမ်ရေး ဖေါ်ဆောင်ရန် တိုက်တွန်းချက် ငါးရပ်ကိုလည်း တင်ပြထားပါတယ်။

ကူးစက်ရောဂါ၊ ရာသီဥတု ပြောင်းလဲမှု စတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်လျက် တရုတ်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ထောက်ပံ့ကူညီမှုများ ပေးခဲ့ပြီး အေးအတူ ပူအမျှ သွေးစည်းညီညွတ်ရေးစိတ်ဓါတ်ကို ဖေါ်ဆောင်ထားပါတယ်။

လူအများ အာရုံစူးစိုက်နေတဲ့ တရုတ်နဲ့ အမေရိကန် ဆက်ဆံမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက အပြန်အလှန် လေးစားရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်ရေး ဖြစ်တဲ့ မူ သုံးရပ် အရ တရုတ်နဲ့ အမေရိကန် ဆက်ဆံမှုကို ပုံမှန် ပြန်လည်ဖြစ်စေရေးကို တွန်းအားပေးရမယ်လို့ ဖေါ်ပြ ခဲ့ပါတယ်။ အဲဒါဟာ တရုတ်နိုင်ငံက အမျိုးအစားသစ် နိုင်ငံတကာ ဆက်ဆံမှု ဖြစ်တည်ရေးကို တက်ကြွစွာ တွန်းအားပေးနေပြီး မတည်မငြိမ် ဖြစ်နေတဲ့ ကမ္ဘာကြီး အတွက် ပိုမို များပြားတဲ့ တည်ငြိမ်ဖွယ်ရာ အကြောင်းရပ်များကို ဖန်တီးပေးနေကြောင်း ပြသထားပါတယ်။

တရုတ်နိုင်ငံဟာ အမှန်တကယ်ဖြစ်သော ဘက်ပေါင်းစုံဝါဒကို စွဲကိုင်ပြီး ငြိမ်းချမ်းရေး၊ သွေးစည်းညီညွတ်ရေး၊ တံခါးဖွင့်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး မူများကို စွဲကိုင်ကာ နိုင်ငံကြီး တစ်နိုင်ငံ အဖြစ်နဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေခဲ့ပါကြောင်း၊ တရုတ်နိုင်ငံဟာ ကမ္ဘာ့ငြိမ်းချမ်ရေးကို တည်ဆောက်သူ၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြု စွမ်းဆောင်သူနဲ့ နိုင်ငံတကာ စည်းစနစ်ကို ထိန်းသိမ်းကာကွယ်သူအဖြစ် အစဉ်တစိုက် ဆောင်ရွက်နေခဲ့ကြောင်း China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။