အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်က မတ်လ ၆ ရက်နေ့တွင် “ရုရှားက ယူကရိန်းအား ကျူးကျော်သည့်” လုပ်ရပ်ကို တစ်ဆင့်တိုး ပြစ်ဒဏ်ပေးနိုင်ရန်အတွက် အမေရိကန်က ဥရောပတိုက်မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်၍ ရုရှား ရေနံ တင်သွင်းမှုအား အတူတကွ တားမြစ်ရေးဖြစ်နိုင်ခြေကို လေ့လာလျက်ရှိသည်ဟုဆိုသည်။
ဘလင်ကန်က အမေရိကန်သမ္မတဘိုင်ဒင်နှင့် အခြားအစိုးရအဖွဲ့ဝင်များ ရုရှားရေနံတင်သွင်းမှု တားမြစ်ရေးနှင့်စပ်လျဉ်း၍ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားပြီး ဖြစ်သည်ဟု ဆိုသည်။