宋冉

လီခေ့ချန်သည် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးတွင် အစိုးရလုပ်ငန်း အစီရင်ခံစာ တင်ပြ

(GMT+08:00)2022-03-05 11:12:20  

 

လီခေ့ချန်သည် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးတွင်  အစိုးရလုပ်ငန်း အစီရင်ခံစာ တင်ပြ_fororder_VCG111371860070

၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမ အကြိမ် အစည်းအဝေးကို ယခုလ ၅ ရက်နေ့ နံနက် ၉ နာရီတွင် ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ဖွင့်လှစ်ခဲ့ပါသည်။ ရှီကျင့်ဖိန် အပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်များသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး၊ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် အစိုးရလုပ်ငန်း အစီရင်ခံစာကို တင်ပြခဲ့ပါသည်။

အစီရင်ခံစာတွင် ၂၀၂၁ ခုနှစ် အစိုးရလုပ်ငန်း အောင်ကျိုးရလဒ်များကို နောက်ကြောင်းပြန်သုံးသပ်ပြီး ယခုနှစ် အခြေအနေကို ခန့်မှန်းကာ ယခုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့် အဓိက လုပ်ငန်းများကို တင်ပြထားပါသည်။

အစိုးရလုပ်ငန်းအစီရင်ခံစာတွင် လီခေ့ချန်က လွန်ခဲ့သောနှစ်သည် ပါတီနှင့် နိုင်ငံတော်သမိုင်းတွင် သမိုင်းမှတ်တိုင်လို အဓိပ္ပါယ်ရှိသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီတည်ထောင်ခြင်း နှစ် (၁၀၀) ပြည့်မြောက်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာကျင်းပခဲ့ပြီး (၁၉)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီဆဋ္ဌမအကြိမ်မျက်နှာစုံညီအစည်းအဝေးကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ကာ ပါတီ၏ တတိယမြောက် သမိုင်းဝင် ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကိုသတ်မှတ်သည့်အချိန်အတိုင်းအောင်မြင်ခဲ့ကာအတင့်အသင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်းတည်ဆောက်ရေးသည် အချိန်ဇယားအတိုင်း ပြီးမြောက်ခဲ့ပြီး ပထမရာစုရည်မှန်းချက် အောင်မြင်ခဲ့ကာခေတ်မီသောဆိုရှယ်လစ်နိုင်ငံကိုဘက်စုံစတင်တည်ဆောက်ပြီးဒုတိယရာစုပန်းတိုင်ဆီသို့ ခရီးသစ်ကိုစတင်မည်ဖြစ်ကြောင်းပြောကြားပါသည်။

လီခေ့ချန်သည် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးတွင်  အစိုးရလုပ်ငန်း အစီရင်ခံစာ တင်ပြ_fororder_VCG111371863300

လီခေ့ချန်က၂၀၂၁ခုနှစ်ကGDP သည် ယွမ် ၁၁၄ထရီလီယံသို့ရောက်ရှိပြီး၈.၁ ရာခိုင်နှုန်းတိုးလာကြောင်း၊နိုင်ငံတော်ဘဏ္ဍာရေးဝင်ငွေသည် ယွမ် ၂၀ထရီလီယံကျော်လွန်ခဲ့ပြီး၁၀.၇ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ မြို့ပြ အလုပ်အကိုင်သစ် ၁၂.၆၉ သန်း တိုးလာခဲ့ပြီးစစ်တမ်းကောက်ယူထားသည့် မြို့ပြအလုပ်လက်မဲ့နှုန်းမှာပျမ်းမျှ ၅.၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ စားသုံးမှုဈေးနှုန်းများဝ.၉ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းပြောကြားပါသည်။

    အစီရင်ခံစာတွင် ယခုနှစ် ဖွံ့ဖြိုးတိုးတက်ရေး အဓိက ရည်မှန်းချက်များမှာ ဂျီဒီပီ တိုးတက်မှုနှုန်း  ၅့ ၅ ရာခိုင်နှုန်း ဝန်းကျင် ရှိရန်၊ မြို့ပြ အလုပ်အကိုင်နေရာသစ် ၁၁ သန်းကျော် တိုးလာရန်၊ တစ်နှစ်တာလုံး မြို့ပြ အလုပ်လက်မဲ့မှုနှုန်းကို ၅့ ၅ ရာခိုင်နှုန်းအတွင်း ထိန်းချုပ်ထားရန်၊ စားသုံးကုန်ဈေးနှုန်း တိုးနှုန်းကို ၃ ရာခိုင်နှုန်း ဝန်းကျင်တွင် ရှိစေရန်၊ သွင်းကုန်ပို့ကုန်များ တည်ငြိမ်စွာ တိုးတက်စေပြီး အရည်အသွေး တိုးမြှင့်ရန်၊ ဂေဟစနစ် ပတ်ဝန်းကျင် အရည်အသွေး ဆက်တိုက် တိုးတက် ကောင်းမွန်လာရန် စသဖြင့် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

   အစီရင်ခံစာတွင် အန္တရာယ် ကြိုတင်သတိပေးရေးစနစ်၊ ထိန်းချုပ်ကာကွယ်ရေးစနစ်နှင့် စွမ်းရည် တည်ဆောက်မှုများကို အားဖြည့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ငွေရေးကြေးရေး တည်ငြိမ်မှု အာမခံ ရန်ပုံငွေကို ထားရှိမည် ဖြစ်ပြီး ဈေးကွက်စနစ်နှင့် ဥပဒေ စနစ်များဖြင့် အန္တရာယ်များကို ဖြေရှင်းမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

အစီရင်ခံစာတွင် စုပေါင်းပုံစံ အခွန်ကောက် မူဝါဒသစ်ကို ကျင့်သုံးမည် ဖြစ်ကြောင်း၊ အဆင့်ကာလပိုင်း ဆောင်ရွက်ချက်များနှင့် စနစ်ဆိုင်ရာ အစီအစဉ်များ ပေါင်းစပ်ခြင်းကို စွဲကိုင်ပြီး အခွန် လျှော့ချရေးနှင့် အခွန်ပြန်အမ်းရေးကို တပြိုင်တည်း ဆောင်ရွက်မည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

အစီရင်ခံစာတွင် အလုပ်အကိုင် နေရာချထားရေး ဆောင်ရွက်ချက်များကို သေချာ ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်မည် ဖြစ်ကြောင်း၊ ယွမ် ဘီလီယံ ၁၀၀ ရှိသည့် အလုပ်ဆုံးရှုံးမှု ဆိုင်ရာ အာမခံ ရန်ပုံငွေကို အသုံးပြုပြီး အလုပ်အကိုင် နေရာချထားမှု တည်ငြိမ်ရေးနှင့် လေ့ကျင့်ပျိုးထောင်ရေးများကို ထောက်ခံကာ ပိုမို များပြားသော လုပ်သားများကို နည်းပညာများ တတ်ကျွမ်းစေရမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

အစီရင်ခံစာတွင် ကုန်ထုတ်လုပ်မှုဆိုင်ရာ အမြုတေကျသော ယှဉ်ပြိုင်စွမ်းအားကို တိုးမြှင့်မည် ဖြစ်ကြောင်း၊ စက်မှု စီးပွားရေး လုပ်ငန်းများ တည်ငြိမ်စွာ လည်ပတ်ရေးကို တိုးမြှင့်မည် ဖြစ်ကြောင်း၊ ခေတ်မီ ကုန်ထုတ်လုပ်မှု အုပ်စုများ ဖွံ့ဖြိုးတိုးတက်ရေးကို အားသစ်လောင်းပေးမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

အစီရင်ခံစာတွင် ဆင်းရဲမှု ပပျောက်ရေး အောင်ကျိုးရလဒ်များ ခိုင်ခံ့အောင်၊ တိုးချဲ့လာအောင် ဘက်စုံ ဆောင်ရွက်မည် ဖြစ်ပြီး အတိုင်းအတာ ဖြစ်သည့် ပြန်လည် ဆင်းရဲမှု မဖြစ်ပွားစေရန် အာမခံပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကျေးလက် ရှင်သန်ရေး အစီအစဉ်တွင် အဓိက ထောက်ပံ့ကူညီသော ခရိုင်များအား ထောက်ပံ့ကူညီရေး ဆောင်ရွက်မှုများကို အားဖြည့်ပြီး ဆင်းရဲသောဒေသများ ကိုယ့်ခွန်ကိုယ့်အား ကိုယ့်အတတ်ပညာဖြင့် ဖွံ့ဖြိုးရေးစွမ်းအားကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

အစီရင်ခံစာတွင် ပညာရေး တရားမျှတမှုနှင့် အရည်အသွေး တိုးမြှင့်ခြင်းကို အားသစ်လောင်းပေးမည် ဖြစ်ကြောင်း၊ မသင်မနေရ ပညာရေးစနစ် အရည်အသွေး ကောင်းမွန်စွာ၊ ညီမျှစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြ၊ ကျေးလက် တပြေးညီ ဖြစ်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ သောင်းချီ ထောင်ချီ မိသားစုများနှင့် တရုတ် အမျိုးသား၏ အနာဂတ်ရေးနှင့် ဆက်စပ်သော ပညာရေးလုပ်ငန်းကို ကောင်းမွန်အောင် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။