辛甜

တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ နှစ်ပတ်လည် အစည်းအဝေး စတင် ကျင်းပ

(GMT+08:00)2022-03-04 16:50:51  

တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ နှစ်ပတ်လည် အစည်းအဝေး စတင် ကျင်းပ_fororder_0304

တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ၁၃ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကော်မတီ ပဉ္စမ အကြိမ် အစည်းအဝေးကို ယခုလ ၄ရက်နေ့ ညနေပိုင်းက ပီကင်းတွင် စတင် ကျင်းပခဲ့ကြောင်း CMGသတင်းအရ သိရသည်။

တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်သည် တရုတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး စနစ်တွင် အရေးကြီး အစိတ်အပိုင်းဖြစ်ကြောင်း၊ တရုတ် ပါတီများ၊ အသင်းအဖွဲ့များ၊ တိုင်းရင်းသား လူမျိုးစုများနှင့် အလွှာပေါင်းစုံများမှ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင် ၂ထောင်ခန့်  အစည်းအဝေးသို့ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။