၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲကို မတ်လ၄ရက်နေ့တွင် ကျင်းပပါသည်။
အစည်းအဝေးမှ ပြောရေးဆိုခွင့်ရှိသူ ကျန်ယေ့ဆွေ က ဘက်စုံလုပ်ငန်းစဉ်အားလုံး ပြည်သူအခြေခံဒီမိုကရေစီ(Whole Process People’s Democracy)ဆိုသည်မှာ သော့ချက်နှစ်ခု ရှိကြောင်း၊ တစ်ခုမှာ ပြည်သူအခြေခံဒီမိုကရေစီဖြစ်ပြီး နောက်တစ်ခုမှာ ဘက်စုံလုပ်ငန်းစဉ်အားလုံးဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်စုံလုပ်ငန်းစဉ်အားလုံး ပြည်သူအခြေခံဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရာတွင် ပြည့်စုံသော စနစ်အစီအစဉ်ရှိသည့်အပြင် ပြည့်စုံသော လက်တွေ့ပါဝင်ဆောင်ရွက်မှုလည်းရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံအတွက် ဒီမိုကရေစီ ရှိ မရှိဆိုလျှင် လက်တွေ့ဆောင်ရွက်မှုမှာ အယုံကြည်ရဆုံး ဖြစ်ပြီး ယင်းနိုင်ငံမှ ပြည်သူများသည် ပြောရေးဆိုခွင့် အရှိဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။