马宁

“တရုတ် မသန်စွမ်းသူ အားကစား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေး” စက္ကူဖြူ စာတမ်းကို ထုတ်ပြန်

(GMT+08:00)2022-03-03 14:08:13  

“တရုတ် မသန်စွမ်းသူ အားကစား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေး” စက္ကူဖြူ စာတမ်းကို ထုတ်ပြန်_fororder_白皮书

    တရုတ် နိုင်ငံတော် ကောင်စီသည် ယခုလ ၃ရက်နေ့က “တရုတ် မသန်စွမ်းသူ အားကစား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေး” စက္ကူဖြူ စာတမ်းကို ထုတ်ပြန်ပြီး သတင်းစာ ရှင်းလင်းပွဲကို ကျင်းပရာ စက္ကူဖြူ စာတမ်းနှင့် ပတ်သက်သော အကြောင်းအရာများကို မိတ်ဆက်ပေးသည်။

၎င်းစက္ကူဖြူ စာတမ်းတွင် တရုတ် ကွန်မြူနစ်ပါတီ ၁၈ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့် နောက်ပိုင်း၌ တရုတ် မသန်စွမ်းသူ အားကစား လုပ်ငန်းသည် သမိုင်းဝင် အောင်မြင်မှု ရရှိခဲ့ကြောင်း ဖော်ပြသည်။

စက္ကူဖြူ စာတမ်းတွင် တရုတ်ပြည်၏ မသန်စွမ်းသူ ယှဉ်ပြိုင်မှု အားကစား(athletic sports)အရည်အချင်းသည် အဆက်မပြတ် တိုးမြင့်လာပြီး မသန်စွမ်းသူများ ပါဝင်ကြသည့် အားကစားပြိုင်ပွဲ တစ်နေ့တခြား တိုးပွားလာကြောင်း၊ တရုတ်ပြည်သည် ကမ္ဘာ မသန်စွမ်းသူ အားကစား အတွက် အကျိုးပြု စွမ်းဆောင်ကြောင်း၊ တရုတ်ပြည်သည် နိုင်ငံတကာ မသန်စွမ်းသူ အားကစား ရေးရာများတွင် ဘက်စုံ ပါဝင်ဆောင်ရွက်ပြီး အခြားနိုင်ငံများ၊ နိုင်ငံတကာ မသန်စွမ်းသူ အဖွဲ့အစည်းများနှင့် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်တိုက် တိုးမြှင့်ကာ မသန်စွမ်သူများ အပါအဝင် နိုင်ငံ အသီးသီးမှ ပြည်သူများ အကြား ချစ်ကြည်မှုကို တိုးပွားစေကြောင်း ရေးသားဖော်ပြသည်။