၁၃ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ပဉ္စမအကြိမ်အစည်းအဝေး သတင်းစာရှင်းလင်းပွဲကို မတ်လ ၃ရက်နေ့ ညနေ ၃နာရီက ကျင်းပခဲ့ရာ အစည်းအဝေးမှ ပြောရေးဆိုခွင့်ရှိသူ ကိုဝေ့မင်း က အစည်းအဝေးကို မတ်လ ၄ရက်နေ့ ညနေ၃နာရီတွင် ပြည်သူ့ခန်းမဆောင်ကြီး၌ ဖွင့်လှစ်မည်ဖြစ်ပြီး မတ်လ ၁၀ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြီးစီးမည်ဖြစ်ကြောင်း၊ အစည်းအဝေးကို ၆ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း မိတ်ဆက်ပြောကြားခဲ့ပါသည်။
အစည်းအဝေးအစီအစဉ်အရ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ၏ လုပ်ငန်းအစီရင်ခံစာနှင့် အဆိုပြုချက်ဆိုင်ရာ လုပ်ငန်း အစီရင်ခံစာများကို ကြားနာစိစစ်မည်ဖြစ်ပါသည်။ ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ်အစည်းအဝေးသို့ လေ့လာသူ အဖြစ် တက်ရောက်ပြီး အစိုးရလုပ်ငန်း အစီရင်ခံစာနှင့် အခြားအစီရင်ခံစာများကို ကြားနာဆွေးနွေးမည်ဖြစ်ပါ သည်။ ၁၃ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးဆိုင်ရာ နိုင်ငံရေးဆုံးဖြတ်ချက် အပါအဝင် ဆုံးဖြတ်ချက်နှင့် အစီရင်ခံစာများကို စစ်ဆေးအတည်ပြုမည်ဖြစ်ပါသည်။