朱蕾

ကန်၏ လူမျိုးခွဲခြားအထင်သေးမှုအပေါ် လက်လွှတ်စပယ် ပြုလုပ်ခြင်းကြောင့် လူမှုရေး မတရားမှုများ ပိုမိုဆိုးဝါးလာစေ

(GMT+08:00)2022-03-02 10:59:43  

ကန်၏ လူမျိုးခွဲခြားအထင်သေးမှုအပေါ် လက်လွှတ်စပယ် ပြုလုပ်ခြင်းကြောင့်  လူမှုရေး မတရားမှုများ ပိုမိုဆိုးဝါးလာစေ_fororder_微信图片_20220302101750

ဖေဖေါ်ဝါရီလ၂၈ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ၂၀၂၁ ခုနှစ် အမေရိကန်၏ လူ့အခွင့်အရေး ကျူးလွန်မှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။  

  ယင်းအစီရင်ခံစာတွင် အမေရိကန်၏ လူမျိုးခွဲခြားအထင်သေးမှု အပေါ် လက်လွှတ်စပယ် ပြုလုပ်ခြင်းကြောင့်  လူမှုရေး မတရားမှုများ ပိုမိုဆိုးဝါးလာစေကြောင်း၊ အမေရိကန်တွင် အာရှလူမျိုးများအပေါ် ရန်ငြိုးထားသည့် ပြစ်မှုကျူးလွန်မှု လွန်စွာ များပြားကြောင်း၊ လူမျိုးချင်း တန်းတူညီမျှမှု မရှိသည့် အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ဆိုးဝါးလာနေကြောင်းရေးသားဖော်ပြခဲ့သည်ဟုChina Media Group မှ သတင်းအရသိရပါသည်။