朱蕾

၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ် အစည်းအဝေးသည် ၄ရက်နေ့တွင်သတင်းစာရှင်းလင်းပွဲကျင်းပမည်

(GMT+08:00)2022-03-02 15:05:48  

၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ်အစည်းအဝေးသည် ၂၀၂၂ခုနှစ် မတ်လ ၄ ရက်နေ့ ညနေ ၁၂ နာရီတွင် ပြည်သူ့ခန်းမဆောင်ကြီး သတင်းစာရှင်းလင်းပွဲအခန်း၌ သတင်းစာရှင်းလင်းပွဲကို ကျင်းပမည်ဖြစ်ပြီး၊ အစည်းအဝေး၏ ပြောရေးဆိုခွင့်ရှိသူက ကွန်ဂရက်အစည်းအဝေးအစီအစဉ်များ၊ ပြည်သူ့ကွန်ဂရက်လုပ်ငန်းရေးရာများနှင့် စပ်လျဉ်း၍ ပြည်တွင်း ပြည်ပသတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားမည် ဖြစ်သည်။

ကပ်ရောဂါကို ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်စေရန်နှင့် အများပြည်သူကျန်းမာရေး ထိန်းသိမ်းနိုင်ရန်အတွက် သတင်းစာရှင်းလင်းပွဲကို အွန်လိုင်းဗီဒီယိုပုံစံဖြင့်ကျင်းပသွားမည်ဖြစ်သည်။