朱蕾

မည်သည့်ဘက်မှ အာရှ-ပစိဖိတ်ဒေသ၌ ဗိုလ်ကျလွှမ်းမိုးရေးအာဏာကို မရှာကြံ သင့်ကြောင်း ဝမ်ယိက ဆို

(GMT+08:00)2022-03-01 13:58:40  

မည်သည့်ဘက်မှ အာရှ-ပစိဖိတ်ဒေသ၌ ဗိုလ်ကျလွှမ်းမိုးရေးအာဏာကို မရှာကြံ သင့်ကြောင်း ဝမ်ယိက ဆို_fororder_微信图片_20220301124450

ဖေဖေါ်ဝါရီလ ၂၈ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် “ရှန်ဟိုင်းပြန်တမ်း”ကို ထုတ်ပြန်ခဲ့သည့် နှစ်(၅၀)ပြည့်မြောက်ခြင်း အထိမ်းအမှတ်ညီလာခံတွင် ဗီဒီယိုမိန့်ခွန်းကို ထုတ်ပြန်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

“ရှန်ဟိုင်းပြန်တမ်း”တွင် တရုတ်နှင့်အမေရိကန်တို့သည် မည်သည့်ဘက်မှ အာရှ-ပစိဖိတ်ဒေသ၌ ဗိုလ်ကျလွှမ်းမိုးရေးအာဏာကို မရှာကြံသင့်ဟု ပူးတွဲကြေညာခဲ့ကြ ကြောင်း၊ ယင်းအချက်သည် လက်ရှိအခြေအနေအောက်တွင် အရေးကြီးအဓိပ္ပါယ်ရှိသေး ကြောင်း၊ တရုတ်နိုင်ငံသည် အတိတ်၊ လက်ရှိ နှင့် အနာဂတ်တွင် မည်သို့သော ဗိုလ်ကျလွှမ်းမိုးရေးအာဏာကို မရှာကြံသကဲ့သို့ အမေရိကန်ဘက်သည်လည်း ယင်းသို့ လုပ်ဆောင်သင့်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသသည် တရုတ်နှင့်အမေရိကန်အတွက် အကျိုးစီးပွားများ ရောယှက်နေသည့် ဒေသဖြစ်သည့်အပြင် နှစ်နိုင်ငံအကြား အပြန်အလှန် ဆက်ဆံရေး အများဆုံးသောဒေသလည်း ဖြစ်ကြောင်း၊ အမေရိကန်သည် ယင်းဒေသ၌ အုပ်စုများအကြား ရန်ဘက်ပြုမှုကို ရပ်စဲသင့်ပြီး တရုတ်၊ ဒေသတွင်း အခြားနိုင်ငံများနှင့် အတူ တံခါးဖွင့်ပြီး သက်ညှာထောက်ထားရေး၊ ဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှု၊ အပြန်အလှန် ဆက်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အကျိုးတူစီးပွား ရရှိစေရေး ဟူသော အာရှ-ပစိဖိတ် မိသားစုကြီးကို ဖန်တီးသင့်ကြောင်း ဝမ်ယိက ပြောကြားပါသည်။